Published 6 April 2024

လာမည့် သင်္ကြန်ပွဲတော် ကာလ တွင် ပြည်သူများ ရှောင်ကြည်ရမည့် အချက်များ ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာ့ရိုးရာယဉ်ကျေး မှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သော ရည်ရွယ်ချက် များကို ထိန်းသိမ်းသောအားဖြင့် ရှောင်ကြဉ်ရန် အချက်ခြောက် ချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ အချက်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ၊ ဘာသာတရား ၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်း ကြမ်းတမ်းစွာပြောဆို မှုများ၊ သူတစ်ပါးအားဒဏ်ရာ အနာတရဖြစ်စေပြီး အန္တရာယ် ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက် မှုများ၊ သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက် ခြင်းစသည့် အပြုအမူများ၊ မြန်မာ့ယဉ်ကျေးမှု အစဉ် အလာကို ထိန်းသိမ်းမြတ်နိုး တတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့် အယှက် ဖြစ်စေတတ်သော မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စား ဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်း များမှ ဆင်ခြင်ရှောင်ကြဉ်ကြပါ ရန်ပါရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများ ဖြစ်သည်နှင့်အညီ အခြား နိုင်ငံသားများက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ မဟာ သင်္ကြန်ကို လေးစားတန်ဖိုးထား မှုလျော့ပါးစေသော စရိုက် လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊အစားအစာ၊အကအခုန်များကို အလွန်အမင်း လိုက်စားပြုမူခြင်း၊ အရက် သေစာကို သိက္ခာကျလောက် အောင် သောက်စားမူးယစ် ခြင်းများကို ဆင်ခြင်ရှောင်ကြဉ် ကြရန်လည်း အသိပေး နှိုးဆော်ချက်တွင် ဖော်ပြပါရှိ ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group