၅ ဧပြီ ၂၀၂၄

အနောက်နိုင်ငံများသည်  အခြအနေကို မတည်ငြိမ်စေဖို့နှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များ သွတ်သွင်းဖို့ အတွက် မြန်မာနိုင်ငံတွင် အစွန်းရောက်အုပ်စုများကို ထောက်ခံအားပေးလုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီ နီဘင်ညာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာဧပြီ ၄ရက်က ပြောကြားလိုက်ပါတယ်။

ရုရှားအစိုးရအနေနှင့် ရခိုင်ပြည်နယ်က အစွန်းရောက်တွေ အထူးသဖြင့် Arakan Army လို့ဆိုတဲ့  အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ အပေါ် စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

“ အဲဒီ တပ်တွေ (ယေဘုယျအားဖြင့် ဆန့်ကျင်ဖက်လက်နက်ကိုင်တွေ) ကို အနောက်နိုင်ငံတွေက ထောက်ခံအားပေးနေပြီး သူတို့ရဲ့ ကိုလိုနီလက်သစ်ရည်မှန်းချက်တွေရရှိဖို့ အသုံးချနေတယ်ဆိုတဲ့ အထောက်အထားအများကြီးရှိနေပါတယ်။ တစ်ပြိုင် နက်တည်းလိုပါပဲ အမေရိကန်၊ဗြိတိန်နှင့် သူတို့ရဲ့ မဟာမိတ်တွေဟာ ဒုက္ခသည်တွေပြန်လက်ခံပေးဖို့ မြန်မာခေါင်းဆောင်တွေ   ကို ဖိအားတိုးမြှင့်ပေးဖို့ လူသိရှင်ကြားတောင်းဆိုနေကြတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ တွေကို ပိုမိုမတည်ငြိမ်အောင်မီးထိုးပေးနေပြီး IDP စခန်းတွေရဲ့အခြေအနေတွေကိုလည်း ပိုမိုဆိုးရွားအောင်လုပ်နေကြတယ်” လို့ သူကဆက်ပြောပါတယ်။

အနောက်နိုင်ငံတွေဟာ ဒေသအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ပထဝီနိုင်ငံရေး အကျိုးစီးပွားကိုပဲမြှင့်တင်ဖို့ပဲ စိတ်ဝင်စားကြတယ်” လို့ ရုရှားသံအမတ်ကြီးကပြောပါတယ်။ မြန်မာအာဏာပိုင်တွေဟာ သူတို့လိုအပ်ချက်တွေ ဖြည့်ဆည်းလို့မရနိုင်အောင် လုပ်နေကြတယ်လို့လည်းသူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာဖြေရှင်းရေးအတွက် လမ်းစကရှင်းပါတယ်”လို့သူကဆိုပါတယ်။

“ ၂၀၂၁ဖေဖော်ဝါရီကတည်းကရှိခဲ့တဲ့ အရေးပေါ်အခြေအနေအောက်မှာ အခြေအနေတွေကို ပုံမှန်ဖြစ်ဖို့ မျှော်မှန်းပြီး အနောက်အုပ်စုရဲ့လှုံ့ဆော်သွေးထိုးမှုကြောင့် လက်နက်ကိုင်အုပ်စုတွေက ငြင်းပယ်နေကြတဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးကိုဆက်သွားတာနှင့် လူနည်းစုတွေအခြေစိုက်တဲ့ ရခိုင်ပြည်နယ်နှင့် အခြားဒေသတွေကနယ်မြေတွေမှာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အဖည်ဖော်ဖို့ဖြစ်တယ်” လို့ သံအမတ်ကြီးကပြောပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် လွတ်လပ်မှုတို့ကိုပထမဦးစားပေး ထားရှိတယ်လို့ သူကပြောပါတယ်။

“ အဲဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ဝင်စားမှုရှိတဲ့အဖွဲ့အစည်းအားလုံးနှင့် အပြုသဘောဆောင်ဆွေးနွေးပြီး မြန်မာ  အစိုးရနှင့်အတူ  ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ရခိုင်ပြည်နယ်တစ်ဝန်းမှာ အခြေအနေတွေဖြေရှင်းဖို့ နိုင်ငံတကာအကူအညီတွေတိုးမြှင့်ရေး အကောင်းဆုံးနည်းလမ်းတွေကိုအကောင်အထည်ဖော်ဖို့ အာရုံစိုက်ထားပါတယ်” လို့ သူကပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအစီအစဉ်တွေအကြိုက် ဘက်လိုက်မှုမရှိကြတဲ့ မိတ်ဆွေတွေအားလုံး ကျွန်တော် တို့နှင့် အတူပူးပေါင်းလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

Source TASS