၂၀ ဖေဖော်ဝါရီ ၂၀၂၄

BRICS ငွေကြေးကိုမြန်မာနိုင်ငံက စိတ်ဝင်စားပြီး ယင်းအဖွဲ့အစည်းကို လေ့လာနေကြောင်း မြန်မာနိုင်ငံ ရင်းနှီး    မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Sputnik မီဒီယာကို အင်္ဂါနေ့(ဖေဖော်ဝါရီ၂၀ရက်)က ပြောကြားခဲ့သည်။

"၂၀၂၃ ခုနှစ် မေလမှစတင်၍ မြန်မာနိုင်ငံဟာ SCO [Shanghai ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း] တွင် ဆွေးနွေးရေးမိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ BRICS နှင့်ယင်းရဲံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်။ အဲဒီအပြင် BRICS နှင့် တစ်ခုတည်းသော   BRICS ငွေကြေးခြင်းတောင်း ဦးစီးဦးရွက်ပြုဆောင်ရွက်နေမှုကိုလည်း စိတ်ဝင်စားပါတယ်" ဟု ဝန်ကြီးက Sputnik အင်တာဗျူးတွင် ဖြေကြား ခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က BRICS စီးပွားရေးဖိုရမ်တွင် အဓိက ထွန်းသစ်စနိုင်ငံကြီးငါးနိုင်ငံသည် အပြန်အလှန်ကုန်သွယ်မှုBRICS ငွေကြေးအပေါ်အခြေခံ၍ နိုင်ငံတကာ အရန်ငွေကြေးစနစ်တစ်ခု ထူထောင်သင့်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့သော ငွေကြေးစနစ်တစ်ခုကို ဖန်တီးရန် အဖွဲ့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သော်လည်း နောက်ဆုံးရလဒ်အဖြစ် ပြိုင်ဖက်အနောက်နိုင်ငံ ဒေါ်လာစနစ်နှင့် BRICS ငွေကြေးခြင်းတောင်းတို့ ဟန်ချက်ညီမှုရရှိနိုင်ဖွယ်ရှိသည်။

၂၀၂၃ ခုနှစ်သြဂုတ်လတွင်ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ Sergey Katyrin က Sputnik သို့ပြောကြားရာတွင် နိုင်ငံ ၅၀ နီးပါးသည် BRICS တွင်ပါဝင်ရန် သဘောတရားအရ စိတ်ဝင်စားကြောင်းဖော်ပြခဲ့ပြီး ၁၇နိုင်ငံ သည်တရားဝင်လျှောက်လွှာတင်ထားပြီးဖြစ်သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်၊ ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူ Pepe Escobar က BRICS အဖွဲ့၏ အဓိက ထွန်းသစ်စနိုင်ငံကြီးများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများသည် အပြန်   အလှန်ကုန်သွယ်မှုတိုးမြှင့်ပြီး ပိုမိုလွတ်လပ်လာစေရန်အတွက် နိုင်ငံသုံးငွေကြေးများနှင့်ငွေပေးချေရာတွင် ပေါင်းစည်း ငွေပေးချေမှု ယန္တယားစနစ်တစ်ခုကို အတူတကွလုပ်ဆောင်သင့်ကြောင်းSputnik သို့ ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁ ရက်တွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့သည် BRICS ၏တင်းပြည့်အဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့သည်။

Source- Sputnik

@ymg/knl