၂၀ ဖေဖော်ဝါရီ ၂၀၂၄

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့မြန်မာတွေဟာ ဥပဒေအရ အရေးယူခြင်းခံကြရလိမ့်မယ်လို့ ထိုင်း ဝန်ကြီးချုပ် ဆာရက်သာ သာဗစ်ဆင်းက သတိပေးလိုက်ပါတယ်။

ပြည်သူ့စစ်မှုထမ်းရန် လူငယ်များကို ဧပြီလတွင် စတင်ဆင့်ခေါ်မည်ဟူသော အစီအစဉ်ကြားသိရပြီးနောက် မြန်မာ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာလျှောက်ထားလာတဲ့ မြန်မာလူငယ်အရေအတွက် ရုတ်ခြည်း တိုးလာတဲ့အပေါ် ထိုင်း ဝန်ကြီးချုပ်က ယခုလိုမှတ်ချက်ပေးခဲ့တာလို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

“ သူတို့ တရားဝင်လာကြတာကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ဒါပေမယ့် ခိုးဝင်လာကြတယ်ဆိုရတော့ သူတို့ကို တရားဥပဒေအရ အရေးယူရလိမ့်မယ်။ ဒီကိစ္စကို ကျွန်တော် လုံခြုံရေးအေဂျင်စီတွေနှင့် ဆွေးနွေးပြီးဖြစ်တယ်” လို့ မစ္စတာ ဆာရက်သာကပြောပါတယ်။

မြန်မာနိုင်ငံကရွှေ့ပြောင်းလာသူတွေဟာ ထိုင်းဒေသခံတွေရဲ့အလုပ်တွေကို ဆွဲယူသွားကြလိမ့်မယ် ဆိုတဲ့ စိုးရိမ်  ပူပန်မှုကိုလည်း ဝန်ကြီးချုပ်က ဖြေဖျောက်စေဖို့ ကြိုးစားတဲ့အနေနှင့် “မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ပြေးဝင်    လာကြတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သူတို့ဟာ စစ်မှုထမ်းရမှာကို ရှောင်ရှားချင်ကြလို့ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းထားဟာ လက်ရှိမှာ တစ်ရာခိုင်နှုန်းအောက်ပဲရှိနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေ မှအလုပ်သမားတွေ များများပိုလိုနေတုန်းပဲ” လို့သူကပြောလိုက်ပြီး သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရား  ဝင်လုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့လည်း ဆိုလိုက်ပါတယ်။

သမ်မားဆက်တက္ကသိုလ်၊ ပရီဒီဘန်နိုမြောင် အင်စတီကျူရဲ့ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အန်နူဆွန်တမာဂျိုင်းက “ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာအောက်မှာတရားဝင် အလုပ်လုပ်နေတဲ့ မြန်မာလူငယ်  တွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အကျုံးဝင်နေပါတယ်။ အဲဒါကြောင့် အချို့လုပ်ငန်းတွေမှာ အလုပ်သမား   မလုံ   လောက်တာတွေ ဖြစ်လာနိုင်တယ်” လို့ပြောပါတယ်။

အဲဒါကြောင့် ထိုင်းနိုင်ငံကိုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ တိုးလာတာတွေ့လာရမှာဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံထဲ  မှာ တရားမဝင်အလုပ်တွေလုပ်ကြလိမ့်မယ်”လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

ဗီဇာလျှောက်သူတွေများလွန်းလို့ မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးက တစ်ရက်ကို ဗီဇာလျှောက်လွှာ ၄၀၀ အထိပဲ  လက်ခံပါမယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းကို အလည်အပတ်သက်သက်လာမယ်ဆိုရင် ဗီဇာမလိုဘဲ ၁၄ ရက်အထိနေထိုင်နိုင်ပါ တယ်လို့ လည်း ထိုင်းသံရုံးကကြေညာပေးထားပါတယ်။

အခြေအနေတွေဟာ ထိုင်းရဲ့အလုပ်သမားဈေးကွက်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်လို့ အစိုးရအနေနှင့်  မြန်မာ နိုင်ငံသားတွေရဲ့ အလုပ်အဆင့်အတန်းနှင့် အလုပ်လျှောက်ထားမှုတွေလိုမျိုး အလုပ်နှင့်ပတ်သက်တဲ့ကိစ္စတွေ အပေါ် အကြီးအကျယ်အာရုံစိုက်ဖို့လိုအပ်တယ်လို့ ထိုင်းနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှု လုပ်ငန်းရှင်များ  ကွန်ဖက် ဒရေးရှင်း (အီကွန်ထိုင်း)ရဲ့ဒုတိယဥက္ကဋ္ဌ တန်နစ်ဆိုရက်ကလည်း ထုတ်ဖော်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ အိမ််နီးချင်းနိုင်ငံကသူတွေဟာ ပုံမှန်အားဖြင့် နှစ်နိုင်ငံအစိုးရများအကြား နားလည် မှုစာချွန်လွှာအောက်ကနေ တရားဝင်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို သရီးဒီလိုခေါ်တဲ့ (ညစ်ပတ်ပေရေ၊ခက်ခက်ခဲခဲ နှင့် အန္တရာယ်ရှိ)တဲ့ အလုပ်တွေမှာ အလုပ်ခန့်လေ့ရှိပါတယ်။ အဲဒီ"dirty, difficult and dangerous" အလုပ်တွေကို ထိုင်းလူမျိုးတွေမလုပ်လိုကြပါဘူး။

“စက်ရုံတွေတော်တော်များများနှင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ လိုနေတယ်” လို့ မစ္စတာတန်နစ်ကပြောပါတယ်။

အီကွန်ထိုင်းရဲ့အဆိုအရ မြန်မာအလုပ်သမားတွေဟာ စားသောက်ကုန်၊အီလက်ထရွန်းနစ်၊မော်တော်ကား အစိတ်    အပိုင်း၊တာယာ၊အထည်ချုပ်၊ငါးလုပ်ငန်း၊ကြံ။ရာဘာနှင့် ဆောက်လုပ်ရေးတို့လို ကျယ်ပြန့်လှတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတယ်လို့သိရပါတယ်။

လုပ်ငန်းအများစုဟာ ဘန်ကောက် ဒါမှမဟုတ် ဆမ်မွတ်ဆက်ခွန်၊ပက်သမ်သနီနှင့် နက်ခွန်ပက်သွမ် ပြည်နယ် တွေမှာရှိနေကြပါတယ်။

လက်ရှိမှာ မြန်မာအလုပ်သမား ၂.၃သန်းခန့် ထိုင်းမှာအလုပ်လုပ်နေကြပြီး ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ အရေအတွက် အများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံကလာကြတဲ့အလုပ်သမားတော်တော်များများဟာ နှစ်နိုင်ငံအကြား MOUနှင့် တရားဝင်လုပ်ကိုင်နေကြ  ပြီး အခြားသူတွေကတော့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နှင့် အလုပ်လုပ်နေကြပါတယ်။

“ အဲဒီအရေအတွက်ထဲ တရားမဝင်လုပ်နေတဲ့မြန်မာတွေမပါသေးဘူး။ အဲဒါတွေပါထည့်ပေါင်းလိုက်ရင် ထိုင်းနိုင်ငံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားက လေးသန်းလောက်ရှိလိမ့်မယ်” လို့ သူကဆက်ပြောပါတယ်။

Source Bangkok Post

@ymg/knl