Published 20 February 2024

  ကင်ဆာဝေဒနာရှင် များ အတွက် ဓါတ်ရောင်ခြည် စက် အသစ် ၃လုံး ကို ယခု နှစ် ဆင် တပ်ဆင်ပးရန် ပြင်ဆင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။

  အဆိုပါ ဓါတ်ရောင်ခြည်စက် များ ကို နိုင်ငံတော် အကြီးအကဲ ၏ အထူးခွင့်ပြုချက်ဖြင့် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက်အသစ်(၁)လုံး၊ ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဝယ်ယူမည့် ဓာတ်ရောင်ခြည်ကုသစက်အသစ်(၂)လုံးကို အသစ်ဆောက် လုပ်ပြီးစီးထားသည့် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနတွင် ယခုနှစ်အတွင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

  ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ကို ဖေဖေါ်ဝါရီ ၁၇ရက် က သွားရောက်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ ခြင်း ဖြစ်သည် ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှု မရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး တို့တွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၁၂)လုံးအသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေ ဖြင့်စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၃ ခုနှစ်အတွင်း အဆိုပါ ပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည်ကုသမှု အကြိမ်ရေ (၁၁၀,၃၆၇)ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့်ကုသမှုရရှိစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါဆေးဝါးများဝယ်ယူရန်အတွက်ခွင့်ပြုရန်ပုံငွေ (၁၂)ဘီလီယံ ကျော်ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group