#LocalNews

Published - 26 Nov 2021

မွန်ပြည်နယ်ရေးမြို့နယ်မှာမြန်မာ့စီးပွားရေးဘဏ်မှငွေများတင်ဆောင်လာတဲ့မော်တော်ယာဉ်များအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တစ်ဖွဲ့ က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ ဝင်များ လိုက်ပါပြီး မော်လမြိုင်မြို့ ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)မှ ရေးမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့  ပို့ ဆောင်မယ့် ငွေများ တင်ဆောင်ထားတဲ့ မော်တော်ယာဉ် ၂ စီးဟာ မော်လမြိုင်မြို့ မှ ရေးမြို့ သို့  မော်လမြိုင်-ရေးကားလမ်းအတိုင်းထွက်ခွာလာခဲ့ရာ ညနေ ၃ နာရီ ၅၅ မိနစ်အချိန် ကနင်ကမော့ ကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ နှင့် အခြားပူးပေါင်းအဖွဲ့  မှ လမ်း၏ဝဲဘက်တောင်ကုန်းပေါ်နေကာ လက်နက်ငယ်များနဲ့ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အဆိုပါ  အဖွဲ့များမှာ ကနင်ကမော့ကျေးရွာနှင့် နှစ်ကရင်ကျေးရွာများဘက်သို့  ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။
 
ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ယာဉ်မောင်း အမျိုးသား တစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ ဝင် တစ်ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီးရဲ့ လေကာမှန် ကျည်ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။