#LocalSport

Published - 26  Nov 2021

နိုဝင်ဘာလ ၂၅ရက်နေ့ ညပိုင်းက ၂၀၂၀ဆူဇူကီးဖလားပွဲစဉ်မတိုင်မီ အကြိုခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာအင်ဒိုနီးရှားအသင်းကမြန်မာအသင်းကို ၄ဂိုး ၁ဂိုးနဲ့အနိုင်ရရှိသွားပါတယ်။

ဆူဇူကီးဖလားအတွက်ရည်ရွယ်ကာတူရကီနိုင်ငံတွင်သွားရောက်လေ့ကျင့်နေသော မြန်မာအသင်းအနေနဲ့ ယခုပွဲအပါအဝင်ခြေစမ်းပွဲ ၃ပွဲကစားထားပါတယ်။ယခုပွဲမှာ ဒေသတွင်းပြိုင်ဘက်အသင်းဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲအစမှာပင် အင်ဒိုနီးရှားအသင်းကဖိအားပေးကစားခဲ့ပြီးပထမပိုင်းအပြီးတွင်မြန်မာအသင်းကို ၃ဂိုး ဂိုးမရှိနဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းတွင်မြန်မာအသင်းကလူအပြောင်းအလဲပြုလုပ်ကာ ဖိအားပေးခဲ့သော်လည်း အင်ဒိုနီးရှားအသင်းက စတုတ္ထမြောက်ဂိုးကို ပယ်နယ်တီမှတဆင့်ရရှိခဲ့ပါတယ်။မြန်မာအသင်းအတွက်တစ်ဂိုးထဲသောခြေပဂိုးကို ပွဲချိန်၇၂မိနစ်အရောက်တွင်ပြစ်ဒဏ်ဘောမှတဆင့် လှိုင်းဘိုဘိုပေးပို့ လိုက်သော ဘောလုံးကိုမောင်မောင်လွင်ကခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့တူရကီနိုင်ငံတွင်ဆက်လက်နေထိုင်လေ့ကျင့်မည်ဖြစ်ပြီးယခုလကုန်တွင် ဆူဇူကီးဖလားလက်ခံကျင်းပမည့်စင်ကာပူနိုင်ငံကိုရောက်ရှိမှာဖြစ်ပါတယ်။

#YangonMediaGroup