Published: 26 November 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊လမ်းမတော်ရပ်ကွက်၊ဘုရင့်နောင်လမ်းတွင် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းက သတင်းအရ ဖူဆိုအမျိုးအစား ခြောက်ဘီးယာဉ်ကို ရှာဖွေတဲ့အခါ မော်တော်ယာဉ်အတွင်းကနေ ဒေသကာလတန်ဖိုး မြန်မာငွေကျပ်၂ဒသမ၂၁ဘီလျံကျော်ဖိုးရှိတဲ့ အိုက်စ်(အက်သ်အဖက်တမင်း)၁၁၂ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄သိန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုဖမ်းဆီးရမိလို့ အသက်၃၃နှစ်အရွယ်ရှိ ယာဉ်မောင်း အောင်ကျော်မင်း(ခ)အန်းဒြူးနှင့် အတူလိုက်ပါလာသော အသက်၁၉နှစ်အရွယ် စိုင်းဦးမောင်(ခ)စိုင်းမောင်တို့ကို ဥပဒေအရအရေးယူထားတယ်လို့ သိရပါတယ်။

ကွင်းဆက်တရားခံတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။