၇ ဒီဇင်ဘာ ၂၀၂၃

နစကသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၇)ရက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ် ၁၄၇ ဦးတို့ကို ဂုဏ်ထူဆောင်ဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများမှာ  စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့) (၄)ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် (၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရတံဆိပ် (၅)ဦး၊ ရဲဗလတံဆိပ် (၁၀၃)ဦး၊ စုစုပေါင်း (၁၄၇)ဦးတို့  ဖြစ်ကြပါတယ်။

-ymg/knl