Published 07 December 2023
 
အမျိုးသားနေ့ပိတ်ရက်တွင် စားအုန်းဆီကန်(၈)ခုအနက် (၇)ခုပိတ်ပြီး တစ်ခုသာဖွင့်ထားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။

သီလဝါဆီကန် Wilmar Myanmar Edible Oil Co.ltdဆီကန်သာဖွင့်ထားမည်ပြီး ကျန် MNG1 /MNG2/  Htoo ဆီကန်/Htooဆီကန် KIP /HTT ထီးတန်းဆီကန်/MEC ဆီကန်အဖြူ YTT/Diamond Dragon DDဆီကန်တို့ကိုတော့ ဒီဇင်ဘာလ(၇)ရက် အမျိုးသားနေ့တွင်ပိတ်ထားမည်ဖြစ်သည်ဟုဆိုသည်။

အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ၆ရက်တွင် ဒီဇင်ဘာ(၆)ရက်အတွက်ရော (၇)ရက်အတွက်ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၆)ခုကို စားအုန်းဆီ ပေပါ ၅၇၄၉ပေပါထုတ်ပေးထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။

အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ ၆ရက်၌ နေပြည်တော်၊မန္တလေးအပါအဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးကို ၅၅၃၀ပေပါကို ရည်ညွှန်း ဈေးဖြင့် ရောင်းချထားပေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
Yangon_Time/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group