၆ ဒီဇင်ဘာ ၂၀၂၃

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာတို့ နယ်စပ်ဒေသလုံခြုံရေးအခြေအနေများနှင့်စီမံခန့်ခွဲရေးများကို ဒီဇင်ဘာ ၆ရက်က နယူးဒေလီတွင် ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယ-မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနများရဲ့ အကြိမ်(၂၀)မြောက် ဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာ ၆ ရက်က နယူးဒေလီမှာ ကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် အိန္ဒိယနို်ငံခြားရေးအတွင်းဝန် ဗီနေးကွာထရာတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးကိစ္စများကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံသည်  လုံခြုံရေးအခြေအနေနှင့် နယ်စပ်စီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးတို့အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍစုံကို သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေမှုများကိုထောက်ခံကြောင်း ထပ် လောင်းပြောကြားခဲ့တယ်လို့ အိန္ဒိယမီဒီယာများက သတင်းရေးသားပါတယ်။ ယင်းအပြင် မြန်မာပြည်သူများ၏ အကျိုးစီးပွား အတွက် နှစ်နိုင်ငံဆက်သွယ်သည့် စီမံကိန်း များ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်က စီမံကိန်းများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ထောက်ခံအားပေးတယ်လို့လည်း အိန္ဒိယနိုင်ငံက ဆက်လက်အတည်ပြုပြောဆိုခဲ့ ကြောင်းသိရှိရပါတယ်။

-ymg/knl