၆ ဒီဇင်ဘာ ၂၀၂၃

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ  မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကဖြေလျော့ပေးလိုက်ပါတယ်။

၂၀၂၃ခုနှစ် ဒီဇင်ဘာ(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ တွင် အဆိုပါဖြေလျော့ ပေးလိုက်ကြောင်း ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။

“ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” လို့ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၁၃-၇- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ရာမှ ယခုလို၃၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။

အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီးလိုက်နာခြင်းမရှိပါက နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။

-ymg/knl