Published-7 Nov 2021

ချင်းမိုင်- မယ်အိုင်ခရိုင်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက (၂၀)ဦးကို ဖမြောင်းအထူးတပ်ဖွဲ့က  တနင်္ဂနွေနေ့ (နိုဝင်ဘာ ၇ရက်) နံနက်စောစောပိုင်းမှာ တွေ့ရှိဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။

ဒီကနေ့နံနက် ၁နာရီခွဲအချိန်ခန့်မှာ တမ်ဘွန်မယ်နော်ဝမ်က မိုး၇ ကျေးရွာက ဟွေကောက်မူစစ်ဆေးရေးစခန်းမှာ အထူးအဖွဲ့ ၃၂၀၂က  နစ်ဆန်းပစ်ကပ် ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာကနေ ဖမ်းဆီးမိတာလို့ ဖမြောင်တပ်ဖွဲ့မှူးဗိုလ်ချုပ် နာရစ်သောဝန်ဝေါင်းက ပြောပါတယ်။

ပစ်ကပ်ကားထဲမှာ  အမျိုးသားကိုဦးနှင့် အမျိုးသမီး၁၁ဦးကိုတွေ့ရှိကြရပြီး သူတို့အားလုံးဟာ တောင်ကြီးကနေ လာကြတာလို့ သိရပါတယ်။ သူတို့ဟာ ဖန်ခရိုင်က  တမ်ဘွန်မွန်ပင်မှာရှိတဲ့ ပန်တွန် သဘာဝနယ်စပ်ဖြတ်ကျော်နေရာကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြတာဖြစ်ပါတယ်။သူတို့ဟာ ချင်းမိုင်းရဲ့ မယ်အိုင်ခရိုင်ထဲက လိမ္မော်ခြံတွေထဲမှာ အလုပ်လုပ်ဖို့အတွက် တစ်ဦးကို ဘတ်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲအထိ အလုပ်ပွဲစားကိုပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

ပစ်ကပ်ကား ယာဉ်မောင်း ထိုင်းလူမျိုး ဒွမ်ဆမ်အာရွန်ကိုလည်း တရားမဝင်ဝင်ရောက်လာသူတွေကို ကူညီမှုနှင့် ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို မြန်မာပြည်ပြန်မပို့သေးဘဲ တရာဥပဒေအရဆက်လက်အရေးယူနိုင်ဖို့ မယ်အိုင်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source Bangkok Post