မကြာမီကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ (၂)ဦးလာရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင် ဒုတိယအတွင်းရေးမှူးချုပ် ဆွမ်ဆိုရိန်ဒါရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖနွမ်းပင် အခြေစိုက် ခမာတိုင်း သတင်းစာပါ သတင်းတစ်ပုဒ်အရ မြန်မာနိုင်ငံမှ ရွေးကောက်ပွဲလေ့လာသူနှစ်ဦးဟာ အခြားသော အာဆီယံနိုင်ငံ (၅)နိုင်ငံမှ လေ့လာသူများနှင့်အတူ သွားရောက်ပြီး လေ့လာစောင့်ကြည့်ကြမှာဖြစ်ပါတယ်။

အဲဒီအထဲမှာ အရှေ့တီမောမှ ၂ ဦး၊စင်္ကာပူမှ ၁ ဦး ၊ဗီယက်နမ်မှ ၅ ဦးနှင့်အင်ဒိုနီးရှားမှတစ်ဦးနှင့် အခြားအာဆီယံနိုင်ငံတွေက ၄ ဦး စုစုပေါင်း ၁၅ ဦးတို့ပါဝင်ကြတယ်လို့ သူကပြောပါတယ်။

၂၀၂၃ ဇူလိုင် ၂၃ရက်မှာကျင်းပမယ့် (၇)ကြိမ်မြောက်ကမ္ဘောဒီးယားအထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာ အဖွဲ့အစည်း ၁၂၁ ခုမှ လေ့လာ စောင့်ကြည့်သူပေါင်း ၈၈,၀၀၀ ဦးကျော် လာရောက်ကြမယ်လို့ သူကပြောတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။ လေ့လာစောင့်ကြည့်သူတွေအပြင် အထူးဧည့်သည်တွေကိုပါဖိတ်ကြားထား  တယ်လို့သိရပါတယ်။

မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဟာ မည်သည့်အဖွဲ့အစည်းတွေ ကဆိုတာကိုတော့ သတင်းမှာ အသေးစိတ်ရေးသားထားခြင်းမရှိပါဘူး။

#knl/ymg

#Myanmar_observers_in_Cambodia_election