၁၃ ဇူလိုင်၊၂၀၂၃

မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ပေးလိုက်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့လက်မှတ်နှင့် ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။

“ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” လို့ ယနေ့ ဇူလိုင် ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၁၅/၂၀၂၃ မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၅-၈-၂၀၂၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂)ဖြင့် သတ်မှတ်ထားခြင်းကို  ပြင်ဆင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဤအမိန့်ကြော်ငြာစာအား လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရအရေးယူခံရမယ်လို့လည်း အမိန့် မှာဖော်ပြထားပါတယ်။

#yangontimes/knl

#centralbankmyanmar

#exportearning