၁၃ ဇူလိုင်-၂၀၂၃

တရားမဝင်အလုပ်ပွဲစားတစ်ဦးက ပြည်သူ့ဆက်ဆံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံရသည့် ထိုင်းအမျိုးသမီး(၄)ဦးထဲမှ (၂)ဦးက သူတို့ကို ကူညီကြပါရန် တောင်းပန်နေကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းတွင်ယနေ့ဖော်ပြထားပါတယ်။

တစ်တော့ခ် TikTok မှ တရားမဝင်အလုပ်ပွဲစားတစ်ဦးက သူတို့ကို ပြည်သူ့ဆက်ဆံရေး(PR) ဝန်ထမ်းများအဖြစ် အလုပ်လုပ်ကိုင်ရမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် ခိုင်းစေခံရသည့်အတွက် ထိုင်းအမျိုး သမီး(၄)ဦးက သူတို့ကို ထိုင်းနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးကြပါရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဇူလိုင်၁၂ ရက် ဗုဒ္ဓဟူးနေ့က နင်ဂျာတူဒေး ဖေ့စ်ဘုတ်ခ် fan page တွင် ထိုအမျိုးသမီး(၂)ဦးက အိမ်သို့ပြန်ခေါ်ပေးကြဖို့ မေတ္တာရပ်ခံအကူအညီတောင်းသည့် ဗွီဒီယိုတင်ထားပြီးနောက် ယခုဇာတ်လမ်း လူသိလာခဲ့ပါတယ်။

“ကျွန်မတို့ကိုကူညီကြပါ။ ကျွန်မတို့အိမ်ပြန်ချင်ပါတယ်၊ မြန်မာနိုင်ငံမှာ ကျွန်မတို့ကို အလုပ်လုပ်ဖို့ လိမ်လည်ခေါ်တာ ခံခဲ့ရတာပါ” လို့ အမျိုးသမီးတစ်ဦးက မျက်ရည်တွေစီးကျရင်း ပြောပါတယ်။ “ ကျွန်မတို့ ကျွန်မတို့သိတဲ့ ထိုင်းအစိုးရ အေဂျင်စီတိုင်းကို ဆက်သွယ်ခဲ့ပေမယ့် ဘယ်သူမှမကူညီကြပါဘူး။ စောင့်ပေးပါလို့ပဲပြောကြတယ်။ ကျွန်မတို့ကိုကူညီပေး ကြပါရှင်” လို့ သူမကပြောပါတယ်။

ဗွီဒီယိုမှာပါတဲ့ အကြောင်းအရာတွေအရညသူမဟာ ယူဘွန်ရက်ချာသနီကဖြစ်ပြီး သူမနှင့်သူမရဲ့ သူငယ်ချင်း (၃)ဦးတို့ဟာ မယ်ဆိုင်ခရိုင် ချင်းရိုင်ရဲ့တစ်ဘက်က နယ်စပ်မြို့ တာချီလိတ်မှာ အလုပ်ရမယ်ဆိုတဲ့ကတိကြောင့် ဇွန်လမှာရောက် လာခဲ့ကြတာဖြစ်ပြီး သူတို့လေးဦးကို  မိုင်းပေါက် Mong Pauk သို့ ပို့ပြီး ပြည့်တန်ဆာလုပ်ခိုင်းကြောင်းသိရပါတယ်။ မိုင်းပေါက်ဟာ “ဝ” ဒေသမှာရှိပြီး တရုတ်နယ်စပ်နှင့် ၁၀ကီလိုမီတာခန့်သာဝေးကွာပါတယ်။ အဲဒီနေရာဟာ တရုတ်ဧည့်သည်တွေအတွက် ဖျော်ဖြေရေးလုပ်ငန်းတွေနှင့်စည်ကားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

အမျိုးသမီးလေးဦးအနက် ယူဘွန်ရက်ချာသနီက ကေဆိုပြီး အမည်ပေးထားတဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီးက သူမကို အလုပ်ခန့်သူက လစာကောင်းကောင်းပေးမယ် ၊စားစရာ နေစရာ အခမဲ့ရတယ်။ ထိုင်းကနေ တာချီလိတ်အထိ ခရီးစရိတ်လည်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ပြောပါတယ်။

သူမက အလုပ်လျှောက်လိုက်တဲ့အခါ ခရီးစရိတ်အတွက်ဆိုပြီး ဘတ်တစ်သောင်းရပါတယ်။ အဲဒီနောက် မယ်ဆိုင်အထိ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် “ကေ”ကို အမျိုးသားတစ်ဦးက တာချီလိတ်အထိ နယ်စပ်ကိုဖြတ်ခေါ်လာခဲ့ပါတယ်။ အဲဒီနောက် နောက်မြို့တစ်မြို့အထိ ခြောက်နာရီခရီးဆက်သွားရပါတယ်။ အဲဒီတော့မှ သူတို့ဟာ အလုပ်လိမ်ခေါ်ခံ လိုက်ရပြီလို့ သိတော့တယ်လို့ဆိုပါတယ်။

မိုင်းပေါက်ကိုရောက်ပြီးနောက် သူနှင့်သူ့သူငယ်ချင်းတွေကို ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ခိုင်းတယ်လို့သိရပါတယ်။ အဲသလိုမှမလုပ်ရင် သူတို့ ညှင်းပန်းနှိပ်စက်ခံရမှာဖြစ်တယ်လို့ ကေ ကပြောပါတယ်။ ကံကောင်းသေးတာက သူတို့ဟာ မိုဘိုင်းဖုန်းသုံးနိုင်ပြီး အကူအညီတောင်းလို့ရနေသေးတာပဲဖြစ်ပါတယ်။

သူတို့ဟာ ဓာတ်ပုံတွေနှင့် ဗွီဒီယိုတွေကို ဖေ့စ်ဘုတ်ပေ့ချ် CSI LA ကိုပို့ခဲ့ပါတယ်။ အဲဒီကမှ ယူဘွန်ရက်ချာသနီအခြေစိုက် အားနည်းသူတွေကို အကူအညီပေးနေတဲ့ ဘန်ဟိုင်ချမ်နှင့် နောက်ပိုင်းအဆက်အသွယ်ရခဲ့ပါတယ်။ ဘန်ဟိုင်ချမ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပြည်နယ်ရဲချုပ် ရဲမှူးကြီး ခန်နိုဂရစ်ဒါရာ၊ဒေသနိုင်ငံရေးသမားတွေ၊ နင်ဂျားတူဒေးပေ့ချ်တို့နှင့် ဆက်သွယ်အကူအညီ တောင်းခံခဲ့ပါတယ်။

သူတို့လေးဦး ပြန်လည်လွတ်မြောက်ဖို့ ဘတ်ငွေ ၁.၂ သန်းပေးဖို့ လိုအပ်တယ်လို့ CSI LAက ပြောပါတယ်။

အဲဒီထိုင်းအမျိုးသမီးလေးဦးကိစ္စကို ရဲမှူးကြီး ခန်နိုဂရစ်ဒါရာက သူ့အကြီးအကဲထံ သတင်းပို့ အမှုဖွင့်ထားပြီးသူတို့ ထိုင်းကို ပြန်ရောက်တဲ့အခါ ယူဘွန်ရက်ချန်သနီမှာ သူတို့ကို ကူညီပေးနိုင်မှာဖြစ်တယ်လို့ ရဲမှူးကြီးကပြောပါတယ်။

Source Bangkok Post

#Mong_Pauk

#Illegal_Job_broker