Published_ 14 July 2023

မွန်ပြည်နယ်တွင် (၆) လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၅၀၀) ကျော်ရှိပြီး (၂) ဦးသေဆုံးခဲကြောင်းမွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်တွင် သွေးလုပ်တုပ်ကွေး ရောဂါအများဆုံးဖြစ်ပွားခဲ့ပြီး ပေါင်မြို့နယ်သည် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကာ သေဆုံးသူ (၂)ဦးမှာ သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ်ကဖြစ်သည်။

ယခုနှစ်အတွင်း အသက် (၁)နှစ်အောက်ကလေးများထဲက အသက် (၁)လ၊ (၄)လ ကလေးများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အထူးများပြီး ကလေးအငယ်လေးများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလာသည့်အတွက် သွေးလန့်နှုန်းများ အရမ်းများလာပြီး ကုသရခက်ခဲကြောင်းလည်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ယင်းအပြင် ၆ လအတွင်း ထူးခြားမှုအဖြစ် အသက်ကြီးသည့် (၁၇)၊ (၁၈) ကလေးများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို မြင်တွေ့ရသည်ဟု သိရသည်။ 

လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်နေသည့်သူ (၄၃)ဦးသာရှိပြီး ကျန်သူများ ဆေးရုံက ဆင်းသွားပြီဖြစ်သည်။ ဆေးရုံးတက်ရောက်နေသည့် (၄၃)ဦးသည်လည်း အသက်အန္တရာယ်မရှိတော့ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times