Published 15 May 2023

မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့ဝင်များနှင့်တပ်မတော်မှ ထိပ်တန်းအရာရှိကြီးတွေကို မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မြို့၊ ရွာများနှင့် မုန်တိုင်း ဆက်လက်ရွေ့လျားရာ လမ်းကြောင်း  တစ်လျှောက်၌  လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲ ခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်   ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်နစက ဥက္ကဋ္ဌ ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စုဝေး  ခန်းမ၌ ကျင်းပပြုလုပ်ရာမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ပါတယ်။

အစည်းအဝေးတွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်နေရာများ၌ သွပ်နှင့် လျှပ်စစ်ဓာတ်အားများလိုအပ်လျက်ရှိမှု၊ မုန်တိုင်းသင့် ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့် ယာဉ်အစုအဖွဲ့များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု တို့ကို တင်ပြခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကလည်း မုန်တိုင်း တိုက်ခတ်မှု အခြေအနေများ၊ မိုးရွာသွန်းမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်  နိုင်မှုအခြေအနေများကို သုံးသပ်၍ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ မုန်တိုင်းဖြတ် သန်းဝင်ရောက်နိုင်မည့် လမ်းကြောင်းပေါ်ရှိ မြို့ရွာများကို ဆက်သွယ်မှု မပြတ်တောက် စေရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုမုန်တိုင်း ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီးသည့် မြို့၊ ရွာများ၌လည်း ကြိုတင်ပြင်ဆင်ပြောင်းရွေ့ခြင်းများနှင့် အခြားလိုအပ် သည်များကို တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၏ ဝိုင်းဝန်းစုပေါင်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူများ သေကြေ ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့မှုအခြေအနေတို့ကို လည်း   ကောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါတင်ပြချက်တွေနှင့်ပတ်သက်ပြီး တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်း ဒဏ် သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် စုပုံထားရှိသည့် သွပ်နှင့်ဆောက်လုပ်ရေး   သုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ် များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန်၊ လျှပ်စစ် ဓာတ်အား လိုင်းများပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရန်၊ အလားတူ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်၊ မုန်တိုင်းသင့် ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စုပုံထားရှိသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိ နိုင်ရေး ဆောင်ရွက်ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့ လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေး ဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးကြရန် ဗိုလ်ချူပ်မှူးကြီးက ပြန်လည်မှာကြားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်နိုင်ရန်အတွက် ဒေသအလိုက်စုပုံထားရှိသည့် အရန် ဆန်များကိုအမြန်ဆုံးပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေး ပစ္စည်း များပေးပို့နိုင်ရေးအတွက် တပ်မတော် လေယာဉ်၊ ရဟတ် ယာဉ်များကို အသင့်ပြင်ဆင် ထားရှိပြီး အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ရေး အသင့်ပြုလုပ်ထားရှိမှု၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ အပါအဝင် စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် သွပ်နှင့်သွပ်မှိုများ အပါအဝင် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အသင့်ပြင်ဆင်၍ အမြန်ဆုံးပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင် ပြည်နယ်အတွင်း ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် မုန်တိုင်းသင့်ဒေသများ၌ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မုန်တိုင်းသင့်ဒေသများ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး  အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို စေလွှတ်လျက်ရှိမှုနှင့် ထပ်မံစေလွှတ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ ပုဂံရှေး  ဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးအချို့ ထိခိုက်ပျက်စီးမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ရေဝင်ရောက်မှုကြောင့် ဝမ်းရောဂါ  များဖြစ်ပွားလာနိုင်သဖြင့် သောက်သုံးရေများသန့်ရှင်းမှုရှိစေရေး ရေသန့်စင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်မှု၊ မုန်တိုင်းနှင့်   ပတ်သက်သည့် သတင်းများ၊သတိပေးထုတ်ပြန်ချက်များနှင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှုအခြေ အနေများကို အချိန်နှင့်တပြေး   ညီ သတင်းထုတ်ပြန်မှုများဆောင်ရွက်လျက်ရှိမှုအခြေ အနေတွေကိုရှင်းလင်းတင်ပြခဲ့ကြတယ်လို့သတင်းထုတ်ထားပါတယ်။

ရှင်းလင်းတင်ပြမှုတွေနှင့်ပတ်သက်ပြီး ဗိုလ်ချူပ်မှူးကြီး က မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့် တပြေးညီထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက် အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံးအခြေ  အနေ   ဖြင့်ကျော်လွှားနိုင်ခဲ့ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်   ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံး   ကုန်ပစ္စည်းများ၊ ဆောက် လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုပြတ်တောက်ခဲ့   သည့်  ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန်လိုကြောင်း၊  မုန်တိုင်း    ဆက်လက်ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်း ရန်လိုကြောင်းဖြင့် မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက် ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) "မိုခါ"(MOCHA)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း  (Cyclonic Storm) "မိုခါ"(MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရပါတယ်။

-ymg/knl

#YangonMediaGroup

#Mocha_Cyclone_Myanmar

#မိုခါဆိုင်ကလုန်း_မြန်မာ