#Local_News
Published_ 15 May 2023

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်း ပထမ ဆုရရှိပါက ကန်ဒေါ်လာ တစ်သိန်း ဆုချီးမြှင့်မည်ဟု နစက ဥက္ကဌ က ပြောကြားထားတယ်လို့သိရပါတယ်။

အကယ်၍ ဒုတိယဆုသာ ရရှိပါကလည်း ကန်ဒေါ်လာ ၅ သောင်း ချီးမြှင့်မည် ဖြစ်ကြောင်း ၊ အလားတူ မြန်မာအမျိုးသားဘောလုံးအသင်း အနေဖြင့် တတိယ ဆုရရှိလျှင် ကန်ဒေါ်လာ ၅ သောင်း ချီးမြှင့်သွားရန် အသီးသီး စီစဉ်ထားကြောင်း သိရပါတယ်။

ယနေ့ မေလ (၁၅) ရက် မြန်မာစံတော်ချိန်ည (၇) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ National Olympic Stadium ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ymg/pl
#Local_News #မြန်မာအမျိုးသမီးဘောလုံးအသင်း #ကန်ဒေါ်လာတစ်သိန်းဆုချီးမြှင့်
#YMG #Yangon_Media_Group