Published_ 28April 2023

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ဧပြီ ၂၉ရက်က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်ကောင်းမွန်လာတဲ့အခြေအနေတွေနှင့် ဆက်လက်ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ဧပြီ၂၈ ရက်က  နေပြည်တော်တွင် နစက ဥက္ကဋ္ဌထံလာရောက် ဂါရဝပြုတွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှုအခြေအနေများ၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေရေးအတွက်ရုရှားနိုင်ငံ၌ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးများ တည်ဆောက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားကူးလူးဆက်ဆံမှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပညာ ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးနှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်သော်နှင့်တာဝန်ရှိသူများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ အဆိုပါကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

 

#ymg/knl

#ရုရှား-မြန်မာချစ်ကြည်ရေးအသင်း

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#မြန်မာ-ရုရှားဆက်ဆံရေး