#Local_News
Published_ 29 April 2023


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး waterboom မှတ်တိုင် အနီးမှာ ဧပြီလ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး နေရာမှာပင်သေဆုံးခဲ့ကြောင်း သာကေတမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် အသက် ၃၀ ၀န်းကျင်အမျိုးသား ၃ ဦး နှင့် အမျိုးသမီး၂ ဦးပါဝင်ပြီး ယာဉ်နှင့်လူညှပ်နေသည့်အတွက် ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲဝင်များပူးပေါင်းကာ မိနစ် ၃၀ခန့် ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို မြေပြင်ကုသမှုပေးပြီးအသက်(၃၀)ဝန်းကျင်ခန့် အမျိုးသမီး-၁ဦး(သေဆုံး) နှင့် ထိခိုက်ဒါဏ်ရာရ လူနာများအား ရှုခင်းသာလူမှုကူညီရေးအသင်း၊ မဟော်သဓာလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း(မိတ်ဖက်)၊ အာရောဂျသုခလူမှုကူညီရေးအသင်း(မိတ်ဖက်)၊ Happy လူမှုကယ်ဆယ်ရေးအသင်းကားတို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #သာတေတမြို့နယ် #ရှုခင်းသာပတ်လမ်း #အမျိုးသမီးတစ်ဦးသေဆုံး #YMG #Yangon-Media-Group