Published 12 Feb 2023

မြန်မာနိုင်ငံမှာ ပြဿနာတွေ ဒီအတိုင်းဆက်ရှိနေရင် စစ်တပ်အုပ်ချုပ်တာ သက်ဆိုးရှည်သွားမှာမို့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဟာ  ကျင်းပသင့်တယ် လို့ ဂျပန်အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာကာဝါကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားသင့်မြတ်ရေး အထူးကိုယ်စားလှယ်  နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ က နစ်ကေးအေးရှား မီဒီယာနှင့် မေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဝေးကဝေဖန်နေကြခြင်းက ပြဿနာကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်းသူကပြောပါတယ်။

အာဆီယံအနေနှင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ နစကနှင့် အာဆီယံအကြား လုပ်ငန်းလုပ်ကိုင်နေတဲ့ working-level အဆင့် ဆွေးနွေးပွဲတွေ ကျင်းပသင့်တယ်လို့ ဂျပန်အထူးကိုယ်စားလှယ်ကပြောပါတယ်။သူက အဲဒီ အလုပ်လုပ်သူတွေအဆင့် ထိတွေ့ဆက်ဆံမှုကို မကြာခဏပိုမိုပြုလုပ် ပေးဖို့လိုအပ်ပြီး မြန်မာနိုင်ငံမှာ ရုံးတစ်ရုံးဖွင့်သင့် တယ်လို့လည်း နစ်ကေးအေးရှားကိုပြောခဲ့ပါတယ်။ 

အာဆီယံအနေနှင့် နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မှု အသေအချာရရှိနိုင်မယ့် နေရာတစ်ခုကို ရှာဖွေဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာဆာဆာကာဝါကအကြံပြုလိုက်ပါတယ်။

မြန်မာစစ်တပ်နှင့်နီးကပ်သူလို့ သူ့ကိုဝေဖန်နေတဲ့အပေါ်မှာလည်း “ ရလဒ်မထွက်ရင်တော့ အဓိပ္ပါယ်မရှိဖြစ်မှာပေါ့။ ဒါကြောင့် ကျွန်တော်က အဲဒါကို ခေါင်းထဲကိုမထည့်ဘူး” လို့ ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။

Source: Nikkei Asia

#Myanmar

#Myanmar_Politics