#LocalNews
Published_ 12 February 2023

 

မလေးရှားနိုင်ငံတွင် ရေနစ်သေဆုံးသော မြန်မာနိုင်ငံသား အသက် ၃၂ နှစ်အရွယ် ကိုငြိမ်းချမ်းအောင်၏ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် စာတန်းဆေးရုံကြီးရေခဲတိုက်မှတစ်ဆင့် မလေးရှားနိုင်ငံ၊ ပူချွန်းမြို့ရှိ (၁၄) မိုင် သုဿန်၌ ဆွေမျိုး သူငယ်ချင်းမိတ်သင်္ဂဟများနှင့် သဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ယင်းမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်က ရေနစ်သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်းက သိရသည်။

 

ရုပ်အလောင်းကို စာတန်းဆေးရုံကြီးသို့ပို့ဆောင်ကာ ဆရာဝန်များ ရင်ခွဲစစ်ဆေးမှုပြီးနောက် ရေခဲတိုက်သို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း ၊ယင်းမှတစ်ဆင့် ပူချွန်းမြို့ရှိ (၁၄) မိုင် သုဿန်၌ သဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုငြိမ်းချမ်းအောင်သည် ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ymg/mt

#Yangon_Media_Group