Published 8 Jan 2023

အမျိုးသားတွေရဲ့ လိင်တံကိုပြန်လည်သန်စွမ်းစေနိုင်တဲ့ ဘိုင်အိုနစ်လိင်တံတစ်ခုကို သိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးလိုက်နိုင်ခဲ့ကြပါတယ်။ တရုတ်ပညာရှင်တွေဟာ အဲဒါကို ဝက်တွေနှင့်အောင်မြင်စွာစမ်းသပ်ပြီးတဲ့နောက် လူတွေမှာလည်း အလုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

လိင်တံအတုဟာ  အလုပ်မလုပ်နိုင်တော့တဲ့  အမြှေးပါးတစ်သျှူးအလွှာနှင့် တူအောင် ဖန်တီးထားတာဖြစ်ပါတယ်။ လိင်ကိစ္စ သို့မဟုတ် ကား သို့မဟုတ် စက်မတော်တဆမှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ လိင်တံ ဒဏ်ရာတွေအပြင် ဆေးကုသရင်းဖြစ်ရတဲ့  ဒဏ်ရာတွေသ ို့မဟုတ် လောင်ကျွမ်းဒဏ်ရာတွေကိုလည်းပြုပြင်ပေးနိုင်ပါတယ်။

အဲဒီပစ္စည်းကို တုနီကာအယ်လ်ဘူဂီနီ အတု (ATA) လို့ အမည်ပေးရန်ရှိပြီး သဘာဝလိင်တံရဲ့ ကော့လန်တဲ့ဖွဲ့စည်းပုံနှင့်ဆင်တူတဲ့  ရေတွင်ပျော်ဝင်နိုင်တဲ့ ပိုလီဗင်နိုင်းအယ်လ်ကိုဟော ရေတွင်ပျော်ဝင်နိုင်သော polyvinyl အရက် (PVA) ကို အခြေခံထားပါတယ်။

ကွမ်ကျိုးမှာရှိတဲ့ တောင်တရုတ်နည်းပညာတက္ကသိုလ်မှ  တွဲဖက်စာတမ်းပြုစုသူ  ဒေါက်တာ ရှုတောင်းရှီက "ATA တည်ဆောက်မှု လုပ်ငန်းစဉ်ရဲ့ ပြဿနာတွေနဲ့ ရလဒ်တွေကို ကျွန်တော်တို့ အများကြီး ကြိုမြင်ထားပါတယ်။ ဒါပေမယ့် ATA ကိုအသုံးပြုပြီးပြီးချင်းမှာ လိင်တံပုံမှန်ပြန်သန်စွမ်းလာတဲ့ တိရိစ္ဆာန်စမ်းသပ်မှုတွေရဲ့ ရလဒ်တွေကိုတော့ ကျွန်တော်တို့ အံ့အားသင့်နေဆဲပါ။အကြီးမားဆုံးအားသာချက်မှာ သဘာဝတစ်ရှူးတွေရဲ့ သေးငယ်တဲ့ဖွဲ့စည်းပုံကို တုပခြင်းဖြင့် တစ်သျှူးလို လုပ်ဆောင်နိုင်စွမ်းတွေ ရရှိတာပဲဖြစ်ပါတယ်” လို့ပြောပါတယ်။

အသက် ၄၀နှင့် ၇၀နှစ် အကြားရှိ အမျိုးသားထက်ဝက်ခန့်ဟာ  လိင်အင်္ဂါချို့ယွင်းမှုပုံစံအချို့ကိုခံစားနေကြရပါတယ်။ အယောက်နှစ်ဆယ်တွင် တစ်ဦးခန့်ဟာ လိင်ကြောင့်ဖြစ်ပေါ်နိုင်သည့် တွယ်ဆက်တစ်ရှူးရောဂါဖြစ်တဲ့  Peyronie ပေးရိုးနီး ရောဂါကို ခံစားနေကြရပါတယ်။

tunica albuginea ထဲမှာ အမာရွတ်တစ်သျှူးတွေဖွဲ့စည်း ဖြစ်ပေါ်လာပြီး နာကျင်မှုနှင့် အခြားသက်ရောက်မှုများစွာကို ဖြစ်စေတယ်လို့ ဒေါက်တာရှီက ရှင်းပြပါတယ်။

 “ဆက်စပ်လိုအပ်ချက်က ကြီးမားပေမယ့် အဲဒီနေရာဟာ သထိမထားကြတဲ့နေရာ တစ်ခုဖြစ်နေတာကို  သတိပြုမိပါတယ်' လို့ သူကဆိုပါတယ်။

ပညာရှင်တွေက  ဆီးအိမ်ထဲက ဆီးတွေစွန့်ထုတ်ပေးတဲ့ ပြွန်ဖြစ်တဲ့ ဆီးလမ်းကြောင်းကို ပြုပြင်ဖို့ယခင်က အာရုံစိုက်ခဲ့ကြပါတယ်။  ပျက်စီးနေသော tunica albuginea တစ်ရှူးတွေကို အစပ်အဖာနှင့်ကုသပေးနိုင်ပေမယ့် တစ်ခါတစ်ရံတွင် ယင်းသည် ကိုယ်ခံအားစနစ် ဒါမှမဟုတ် အခြားရှုပ်ထွေးမှုတွေက  ငြင်းပယ်ပြီး လက်မခံတာမျိုးဖြစ်စေတတ်ပါတယ်။အသေးစားဖွဲ့စည်းပုံတွေက မတူကွဲပြားတာကြောင့် အဒီနည်းဟာ ပြီးပြည့်စုံသော အစားထိုးမှုများမဖြစ်ခဲ့ပါဘူး။

Matter ဂျာနယ်တွင်ဖော်ပြထားတဲ့ ဓာတ်ခွဲစမ်းသပ်မှုအရ အဆိုပါပစ္စည်းဟာ  အခြားတစ်ရှူးများနှင့် သွေးတွေအပေါ်  အဆိပ်အတောက်မရှိတဲ့အတွက် ခန္ဓာကိုယ်ထဲတွင် အချိန်ကြာကြာနေနိုင်တာကို‌ တွေ့ရှိခဲ့ပါတယ်။

ဒဏ်ရာရထားသော လိင်တံတွေရှိနေတဲ့ တရုတ်ဝက်ငယ်ကလေးတွေကို  အဆိုပါပစ္စည်းမှ ပြုလုပ်ထားတဲ့ ဖာထေးမှုတွေကနေ  လိင်တံရဲ့ လုပ်ဆောင်ချက် သဘာဝအရတောင်မတ်တဲ့ တစ်သျူးတွေလိုပဲ  ပြန်လည်ကောင်းမွန်စေခဲ့ပါတယ်။ ရလာဒ်တွေက  ယင်းဟာ သဘာဝတစ်သျှူးတွေရဲ့  လုပ်ဆောင်မှုကို  အောင်မြင်စွာ အစားထိုးခဲ့ကြောင်း ညွှန်ပြခဲ့ပါတယ်။။  တစ်လအကြာတွင်၊ ATA သည် သာမန်တစ်သျှူးတွေကို  နှိုင်းယှဉ်နိုင်တဲ့ fibrosis အရွတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

လိင်တံကို ဆားရည်ဖြင့် ထိုးသွင်းပြီးတဲ့ နောက် လိင်တံဟာ ပုံမှန်ထောင်မတ်မှုကိုပြန်လည်ရရှိခဲ့ပါတယ်။ ဝက်တွေဟာ လူသားတွေနှင့် ခန္ဓာဗေဒနှင့် ဇီဝကမ္မဆိုင်ရာ တူညီမှုတွေရှိနေတာဖြစ်ပါတယ် ။

 ဒေါက်တာရှီက ' ATA အဖွဲ့ဟာ လုပ်ငန်းစဉ်ပြီးဆုံးပြီး တစ်လအကြာ ရလာဒ်တွေက ပြီးပြည့်စုံမှုမရှိပေမယ့် ပြုပြင်မှုရလဒ်တွေက ကောင်းမွန်ကြောင်းပြသနိုင်ခဲ့ပါတယ်” လို့ပြောပါတယ်။

လိင်တံဒဏ်ရာတွေထဲမှာ  tunica albugineaတွေဟာ များသောအားဖြင့် ပတ်ဝန်းကျင်ရှိ အာရုံကြောများနှင့် corpus cavernosumခေါ်တဲ့ ထောင်မတ်တစ်သျူးနှစ်ခု တို့နှင့်အတူ ပျက်စီးတတ်ပါတယ်။ အဲဒီတစ်သျူးဟာ လိင်တံအလျားအတိုင်း ဖြတ်သွားနေတဲ့ တစ်သျူးဖြစ်လို့ ပြုပြင်ဖို့ ပိုတောင်ခက်ပါသေးတယ်။

'ဒီအဆင့်မှာ ကျွန်တော်တို့ရဲ့ က လိင်တံမှာရှိတဲ့ တစ်ရှူးတစ်ခုတည်းကို ပြုပြင်ဖို့ အာရုံစိုက်တာပါ” လို့ ဒေါက်တာရှီးကပြောပါတယ်။

 'နောက်ထပ်အဆင့်ကတော့ လိင်တံ အလုံးစုံ ချို့ယွင်းချက်ကို ပြုပြင်တာ ဒါမှမဟုတ် ဘက်စုံစဉ်းစားသုံးသပ်ပြီး လိင်တံတစ်ခုလုံ အစားထိုးပြန်လည်တည်ဆောက်တာတွေလုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်” လို့ သူကပြောပါတယ်။

သုတေသီများသည် နှလုံးနှင့် ဆီးအိမ် အပါအဝင် အခြားတစ်ရှူးများကို ပြုပြင်ရန် နည်းလမ်းတွေကိုပါ စူးစမ်းလေ့လာဖို့ လည်း စီစဉ်နေကြပါတယ်။

 ဒေါက်တာရှီက “ယခုဒီဇိုင်းချဉ်းကပ်မှုဟာ  tunica albuginea တစ်ရှူးတွေရဲ့ ဘိုင်အိုမက်ထရစ် ဒီဇိုင်းအတွက် အကန့်အသတ်မရှိတာတင်မကဘဲ ဝန်တွေထမ်းထားရတဲ့ အခြားတစ်ရှူးများစွာအထိ တိုးချဲ့နိုင်ပါလိမ့်မယ်” လို့ဆက်ပြောပါတယ်။

Source: metro.uk

#Bionic_Penis

#Chinese_scientists_develop_bionic_penis

#Science_Tech