#World_Health
Published 6 January 2023

 

အမျိုးသမီးတွေဟာ ကျား/မခွဲခြားမှုကိုသာကြုံတွေ့နေရတာ မဟုတ်ဘဲ စိတ်ဓာတ်ကျခြင်းပြဿနာမှာလည်း ကွာခြားနေပါသေးတယ်။

 

အမျိုးသမီးတွေက အကူအညီပိုပြီးလိုအပ်လေ့ရှိသလို အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျခြင်း ၂ ဆလောက်ပိုပြီးခံစားရတတ်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း ၇ မျိုးလောက်ရှိပါတယ်။

 

(၁) အမျိုးသမီးတွေက ဟော်မုန်းအပြောင်းအလဲများခြင်း
ယောကျ်ားဟော်မုန်း တက်စ်တိုစတီရုန်းက သိပ်ပြီးမပြောင်းလဲတတ်ပေမယ့် အမျိုးသမီးတွေကတော့ အပျိုဖော်ဝင်စအချိန်ကစပြီး အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေ အပြောင်းအလဲများပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်အတွင်းနဲ့ ဆောင်ချိန်အပြီး ဟော်မုန်းနဲ့ပတ်သက်တဲ့ စိတ်ကျန်းမာရေးပြဿနာများ ခံစားရတာဖြစ်ပါတယ်။
ခံစားရပုံကို ချရေးခြင်းက အီစထရိုဂျင်ကဲ့သို့ဟော်မုန်းများတက်လာခြင်းနဲ့ ကျဆင်းခြင်းများ အဘယ်ကြောင့်ခံစားရနိုင်သလဲဆိုတာကို နားလည်ရန်အကူအညီဖြစ်စေပါတယ်။

 

(၂) မီးယပ်သွေးဆုံးခြင်းဖြင့် အကျိုးပြုဟော်မုန်းများကျဆင်းခြင်း
သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ အီစထရိုဂျင်ဟော်မုန်းပမာဏက အတက်အကျကြမ်းပြီး ဓမ္မတာရပ်သွားချိန်မှာ လုံးဝရပ်တန့်သွားတတ်ပါတယ်။

 

အမျိုးသမီးတွေမှာ မိုနိုအေမင်းအောက်ဆီဒေ့စ်လို့ခေါ်တဲ့ ဦးနှောက်ပရိုတိန်းမြင့်တက်လာကာ ကောင်းကျိုးပြုဆယ်ရိုတိုနင်များ ပြိုကွဲကုန်ကာ စိတ်အခြေအနေထိန်းချုပ်ရခက်ခဲပါတယ်။

 

ဟော်မုန်းအစားထိုးကုထုံးဖြင့် အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းပမာဏကို ထိန်းပေးပြီး ခံစားရသက်သာစေမှာ ဖြစ်ပါတယ်။

 

(၃) မှောင်လာသည့်အခါ စိတ်ဓာတ်ကျတတ်ခြင်း
ဆောင်းရာသီလိုမျိုးကာလတွေမှာ မှောင်လာတာနဲ့အမျှ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေ ၄ ဆပိုများပါတယ်။

 

နေရောင်က ကောင်းကျိုးပြုဆယ်ရိုတိုနင် ပစ္စည်းထွက်ရှိစေကာ အမျိုးသမီးတွေမှာ ထိုပစ္စည်းနည်းပါးလေ့ရှိပါတယ်။

 

အပြင်ထွက်ခြင်းဖြင့် အလင်းရောင်ထိတွေ့စေကာ စိတ်ခံစားချက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

 

(၄) အမျိုးသမီးများက ကောင်းစွာအိပ်မပျော်တတ်ခြင်း
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်မပျော်တဲ့အခြေအနေ ၄၀ ရာခိုင်နှုန်းပိုဖြစ်တတ်ပါတယ်။

 

ဒီအကြောင်းအရင်းတွေထဲမှာ အမျိုးသမီးဟော်မုန်းအတက်အကျဖြစ်ခြင်း၊ ဘေးကလူဟောက်ခြင်း၊ ညဘက်ကလေးတွေနိုးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

 

(၅) အမျိုးသမီးများဟာ အားအင်ကုန်ခမ်းခြင်းပိုဖြစ်နိုင်ချေရှိခြင်း

 

အခုခေတ်မှာ အမျိုးသမီးတွေက အလုပ်ထွက်လုပ်တဲ့အပြင် ကလေးထိန်းခြင်း၊ အိမ်အလုပ်လုပ်ခြင်းတို့ပါ လုပ်လာကြရပါတယ်။

 

အလုပ်လုပ်တဲ့အခါ အမျိုးသားတွေလောက် အားအင်မရရှိဘဲ အလွယ်တကူစိတ်ပျက်လွယ်ခြင်း၊ ကူကယ်ရာမဲ့ခြင်းတို့ဖြစ်တတ်ကာ အားအင်ကုန်ခမ်းတတ်ကြပါတယ်။

 

(၆) အမျိုးသမီးများသည် ရောင်ရမ်းမှုပိုဖြစ်ခြင်း

ဦးနှောက်အစိတ်အပိုင်းအချို့ ရောင်ရမ်းကာ စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေရှိပါတယ်။

သန့်စင်ထားတဲ့ဂျုံတွေ၊ ဈေးသက်သာတဲ့ဆီတွေ၊ သကြား၊ ကစီဓာတ်များစားသုံးခြင်းဖြင့် ရောင်ရမ်းခြင်းကိုဖြစ်စေပါတယ်။

ဒါကြောင့် လမ်းဘေးစာများစားသုံးခြင်းမပြုဘဲ အမျှင်ဓာတ်များများစားခြင်းဖြင့် ရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

 

(၇) အမျိုးသမီးများက မိမိကိုယ်ကိုစိတ်ပူတတ်ခြင်းနှင့် အပြစ်တင်တတ်ခြင်း

အမျိုးသားတွေက မကျေနပ်တဲ့အခါ အပြင်ဘက်မှာထုတ်ပြတတ်ပေမယ့် အမျိုးသမီးတွေကတော့ စိတ်ထဲမှာသာအောင်းနေတတ်ပါတယ်။
ကိုယ့်ကိုယ်ကိုအပြစ်မြင်ပြီးတော့ ဒီလိုကနေ စိတ်ဓာတ်ကျခြင်းဖြစ်လာတာ ဖြစ်ပါတယ်။

 

မိမိရဲ့စိတ်ကျန်းမာရေးကို စိတ်ပူနေတယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

 

Source: The Sun Tomorrow
#Yangon_Media_Group