#World_Health
Published 6 January 2023

 

ခံတွင်းနှင့်သွားကျန်းမာရေးမှာ ဖလိုရိုက်က အလွန်အရေးပါပြီး ယနေ့ခေတ်အသုံးပြုတဲ့ ရေတွေကနေ ကလေးတွေအတွက် ဖလိုရိုက်မရရှိဘဲ ဖြစ်နေပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနတွေကနေ ညွှန်ကြားနေပေမယ့် ကလေးတွေအတွက် သွားတိုက်ဆေးတွေမှာ သွားကိုကာကွယ်နိုင်လောက်တဲ့ ဖလိုရိုက်တွေ လုံလောက်စွာမပါဝင်ပါဘူး။

 

ကလေးတွေကို သွားကျန်းမာစေချင်တယ်ဆိုရင် တစ်နေ့သွား ၂ ခါတိုက်ရုံ၊ အချိုလျှော့စားခိုင်းရုံနဲ့ မလုံလောက်ပါဘူး။

 

ဖလိုရိုက်က သွားအပြင်ဘက်ဆုံးရှိ ကြွေလွှာပေါ်မှာ သတ္တုဓာတ်တွေစုပြုံလာခြင်းမှ ကာကွယ်ပေးပြီး ဘက်တီးရီးယားတွေကို တားဆီးပေးပါတယ်။

 

သောက်သုံးရေကနေတဆင့် ဖလိုရိုက်က ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ သွားဖွံ့ဖြိုးနေချိန်ကနေစပြီး ကြွေလွှာကိုအားဖြည့်ပေးပါတယ်။

 

နောက်ပိုင်းမှာတော့ တံတွေးထဲမှာ ဖလိုရိုက်ထုတ်လုပ်ပြီး လုံလောက်စွာရှိတဲ့အခါ သွားတွေကိုဆက်ပြီးကာကွယ်ပေးပါတယ်။

 

သောက်သုံးရေတွေမှာ ဖလိုရိုက်ခပ်မယ်ဆိုရင် ကလေးတွေမှာ ခံတွင်းပြဿနာလျော့နည်းလာမှာဖြစ်ပါတယ်။

 

ကြွေလွှာတွေထိခိုက်တဲ့အခါ သွားပိုးစားခြင်းများပိုဖြစ်စေကာ မိသားစုအတွက် ကုသစရိတ်ပိုမိုကုန်ကျစေမှာ ဖြစ်ပါတယ်။

 

လေ့လာချက်များအရ သွားတိုက်ဆေးထဲမှာ ဖလိုရိုက်ပါဝင်မှု ၁,၀၀၀ PPM ထက်နည်းပါက သွားကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

 

ကလေးတွေမှာ ပထမဆုံးသွားစထွက်ကတည်းက ဖလိုရိုက် ၁,၀၀၀ PPM ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ တိုက်လို့ရပါပြီ။

 

အသက် ၆ နှစ်အရွယ်ကျော်လာရင်တော့ ဖလိုရိုက် ၁,၄၀၀ PPM ပါဝင်တဲ့ သွားတိုက်ဆေးပြောင်းတိုက်သင့်ပါပြီ။

 

ညွှန်ကြားချက်များထုတ်ပြန်ထားပေမယ့် ထုတ်လုပ်တဲ့ကုမ္ပဏီတွေက ဖလိုရိုက်လုံလောက်စွာ မထည့်ကြပါဘူး။

 

သောက်သုံးရေထဲမှာ ဖလိုရိုက်မပါဝင်ဘူးဆိုရင် မိဘတွေအနေနဲ့ ကလေးတွေရဲ့သွားကိုကာကွယ်ဖို့အတွက် တစ်နေ့သွား ၂ ခါတိုက်ပေးပြီး ဖလိုရိုက်လုံလောက်စွာပါဝင်တဲ့ သွားတိုက်ဆေးတွေကို ဝယ်ယူသင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group