#World_Science
Published 5 January 2023

လူ့ဆံပင်တွေက ပတ်ဝန်းကျင်ရှိညစ်ညမ်းမှုန်များကို စုပ်ယူနိုင်စွမ်းရှိကြောင်း ဘယ်လ်ဂျီယံအခြေစိုက် NGO အဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။

 

ထိုအဖွဲ့အစည်းမှဦးဆောင်ပြီး Dung Dung လို့အမည်ပေးထားတဲ့ ဆံပင်ပြန်လည်အသုံးချရေးစီမံကိန်းဟာ စွန့်ပစ်ပစ္စည်းများပြန်လည်သုံးစွဲရေးနည်းဗျူဟာ ဖော်ထုတ်ခြင်းနဲ့ စီးပွားရေးမှာ မည်ကဲ့သို့အသုံးချနိုင်မလဲဆိုတဲ့ နည်းဗျူဟာတွေအတွက် ရည်ရွယ်ပါတယ်။

 

လူ့ဆံပင်တစ်ကီလိုဂရမ်ဟာ အဆီနဲ့ ဟိုက်ဒရိုကာဗွန် ၇ လီတာကနေ ၈ လီတာအထိ စုပ်ယူနိုင်ကြောင်း တွေ့ရှိထားပါတယ်။

 

သိပ္ပံပညာရှင်များရဲ့အဆိုအရ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အဆီနဲ့ ဟိုက်ဒရိုကာဗွန်တို့ကို စုပ်ယူနိုင်တဲ့အပြင် ရေထုညစ်ညမ်းခြင်းနဲ့ ဆီယိုဖိတ်ခြင်းတို့မှာပါ အသုံးပြုနိုင်ပါတယ်။

 

ထိုစီမံကိန်းပူးတွဲတည်ထောင်သူ 'ပက်ထရစ်ယန်ဆန်'က သူတို့ထုတ်ကုန်ပစ္စည်းတွေဟာ စံချိန်စံနှုန်းမီကြောင်း၊ တခြားကမ္ဘာဂြိုဟ်တွေက လာတာမဟုတ်ကြောင်း ရှင်းပြပါတယ်။

 

လေ့လာချက်အရ လူသားဆံပင်ဟာ နိုက်ထရိုဂျင်ကြွယ်ဝပြီး ဓာတ်မြေဩဇာအဖြစ် အသုံးပြုနိုင်ပါတယ်။

 

ဆံပင်တွေကို လှူဒါန်းရာကနေပဲ ရရှိတာကြောင့် အကန့်အသတ်နဲ့သာရရှိနေပေမယ့် ကမ္ဘာတဝှမ်းမှ ကုမ္ပဏီတွေကတော့ အသုံးဝင်ပုံအမျိုးမျိုးကို စမ်းသပ်နေကြပါတယ်။

 

ဆံခြည်တစ်မျှင်က သူ့အလေးချိန်ရဲ့အဆ ၁၀ သန်းမျှ အလေးချိန်ကို စုပ်ယူထားနိုင်ကြောင်း၊ အဆီနဲ့ ဟိုက်ဒရိုကာဗွန်တို့ကို စုပ်ယူနိုင်ရုံမက ကီရာတင်အမျှင်ဓာတ်ပါဝင်တာကြောင့် ရေမှာပျော်ဝင်ပြီး ကျုံ့နိုင်ဆန့်နိုင်ကြောင်း တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

Source: WION
#Yangon_Media_Group