#World_Health
Published 5 January 2023

 

နှစ်ပေါင်းများစွာ ရေဓာတ်ထိန်းသိမ်းပြီးနေလာတဲ့သူတွေဟာ နာတာရှည်ရောဂါဖြစ်နိုင်ချေ အလွန်နည်းကြောင်း အမေရိကန်အစိုးရထောက်ပံ့ပေးတဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

 

တစ်နေ့ကို ရေ ၈ ခွက်သောက်ခြင်းဖြင့် အကျိုးကျေးဇူးများရစေပြီး အိုမင်းရင့်ရော်ခြင်းကို လျော့စေနိုင်ကြောင်း သုတေသီများက အကြံပြုထားပါတယ်။

ရေသောက်နည်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်များလာပြီး နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။

 

အရင်ကလေ့လာမှုမှာလည်း ရေဓာတ်ထိန်းသိမ်းခြင်းဖြင့် သက်တမ်း ၁၅ နှစ်မျှ အသက်ပိုရှည်စေနိုင်ကြောင်း တွေ့ရှိခဲ့ဖူးပါတယ်။

 

ရေဓာတ်နည်းခြင်းဖြင့် ဒီအင်န်အေထိခိုက်ရောင်ရမ်းခြင်း၊ အိုမင်းရင့်ရော်မြန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

 

ရေကိုလိုအပ်တဲ့ပမာဏအထိ တိုးမြှင့်သောက်သုံးနိုင်ကာ ဖျော်ရည်၊ အသီးအနှံတို့ကနေလည်း ရေဓာတ်ရရှိစေပါတယ်။

 

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ရေပမာဏကိုတော့ အတိအကျ မပြောထားပါဘူး။

 

အမေရိကန်ကျန်းမာရေးညွှန်ကြားချက်အရတော့ တစ်နေ့ကို ရေ ၃ လီတာသောက်သုံးသင့်တယ်လို့ မှာကြားထားပါတယ်။

 

ရေဓာတ်ခန်းခြောက်ခြင်းဖြစ်တဲ့အခါ ရေတိုပြဿနာတွေအနေနဲ့ မူးဝေခြင်း၊ ပင်ပန်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး ရေရှည်မှာ ဝမ်းချုပ်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

 

သွေးပမာဏလျော့နည်းပြီး သွေးပေါင်ချိန်ရုတ်တရက်ထိုးကျတဲ့အခါ အောက်ဆီဂျင်ပြတ်ပြီး သတိလစ်သွားနိုင်ပါတယ်။

 

ဒါပေမဲ့ ရေသောက်များလွန်းရင်လည်း အန္တရာယ်ရှိနိုင်ပြီး ဆဲလ်တွေမှာ ရေဖောင်းကားလာနိုင်ပါတယ်။

 

ကွန်ဖူးမင်းသားကြီး'ဘရုစ်လီ'ဟာ ထိုအခြေအနေမျိုးကြောင့် သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

 

ရေသောက်နည်းပြီး သွေးထဲမှာဆိုဒီယမ်များလာပါက ဇီဝဖြစ်ပျက်မှုမြန်ဆန်လာနိုင်ချေရှိတယ်လို့ တွေ့ရှိထားပြီး နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အဆုတ်ရောဂါ၊ ဆီးချို၊ မှတ်ဉာဏ်ချို့တဲ့ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group