#World_Business
Published 5 January 2023

 

တွစ်တာပိုင်ရှင်'အီလွန်မက်စ်'က ကုန်ကျစရိတ်‌တွေကို အကြီးအကျယ်လျှော့ချပစ်နေတာကြောင့် တွစ်တာဝန်ထမ်းအချို့ဆိုရင် အိမ်သာသုံးတစ်ရှူးစက္ကူတွေကို ကိုယ့်ဘာသာယူလာကြရပါတယ်။

 

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ New York Times ဖော်ပြချက်အရ တွစ်တာဟာ ရုံးနေရာငှားရမ်းခ‌အတွက် ဒေါ်လာသန်းချီပေးနေရတာကိုလည်း ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။

 

ဆီအာတယ်ရုံးနေရာ ငှားရမ်းခကို ဆက်မပေးတော့တာကြောင့် နှင်ထုတ်ခံရမယ့်အခြေအနေဖြစ်လာပါတယ်။

 

ဂိတ်စောင့်နဲ့လုံခြုံရေးဝန်ထမ်းများကို လျှော့ချခဲ့ကာ ဝန်ထမ်းတွေဟာ ကိုယ့်အိမ်သာသုံးစက္ကူနဲ့ကိုယ် ယူလာကြရပါတယ်။

 

ဝန်ထမ်းတွေက လစာပိုပေးဖို့ သပိတ်မှောက်ခဲ့ပြီးနောက် ဆန်ဖရန်ဆစ္စကိုရုံးချုပ်မှာ ဂိတ်စောင့်အလုပ်တာဝန်တွေကို ဒီဇင်ဘာလက ရပ်ဆိုင်းခဲ့ပါတယ်။

 

ဂိတ်စောင့်များမရှိတာကြောင့် ရုံးချုပ်မှာ ဖရိုဖရဲဖြစ်ကုန်ကြပါတယ်။
သန့်စင်ခန်းများညစ်ပတ်ပြီး အနံ့အသက်များထွက်နေကြောင်း ဖော်ပြထားပါတယ်။

 

ရုံးအဆောက်အအုံရဲ့ အလွှာ ၄ လွှာကိုပိတ်လိုက်ကာ ဝန်ထမ်းတွေဟာ အလွှာ ၂ လွှာမှာပဲ အလုပ်လုပ်ကြရပါတယ်။

 

ငွေကြေးတည်ငြိမ်အောင်ထိန်းသိမ်းရာမှာ အရေးပါတဲ့ ဆေခရက်မင်တိုရှိ ဒေတာစင်တာကို ဒီဇင်ဘာလက ပိတ်ပစ်ခဲ့ပါတယ်။

 

ဆေခရက်မင်တိုမှ စင်တာသာလည်ပတ်နေရင် အခြားဒေတာစင်တာများ အလုပ်မလုပ်သည့်တိုင်အောင် ကွန်ပျူတာအလုပ်များကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ပြဿနာတွေဖြေရှင်းနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီအတွင်းပိုင်းနဲ့ကျွမ်းဝင်သူ ၃ ဦးက ပြောပြသွားပါတယ်။

 

တွစ်တာမှာ အရင်ကဝန်ထမ်း ၇,၈၀၀ ရှိရာကနေ လက်ရှိ ၂,၀၀၀ ခန့်သာရှိပါတော့တယ်။
ဝန်ထမ်း‌နဲ့ ကုန်ကျစရိတ်တွေ လျှော့ချလိုက်တာကြောင့် ဒေါ်လာ ၃ ဘီလီယံလောက် သက်သာသွားတယ်လို့ 'အီလွန်မက်စ်'က ပြောခဲ့ပါတယ်။

 

လုပ်ငန်းက ဟိုးအောက်ကို အရှိန်နဲ့ထိုးကျနေပြီး ထိန်းလို့သိမ်းလို့မရတော့ကြောင်း၊ တွစ်တာကနေ ဝင်ငွေ ၃ ဘီလီယံနဲ့ ငွေသားနဲ့တင် ၁ ဘီလီယံဝင်နိုင်တဲ့ အခြေအနေရှိကြောင်း ပြောကြားသွားပါတယ်။

 

Source: WION
#Yangon_Media_Group