#World_Health
Published 1 Jan 2023

အစားအသောက်တွေ မုန့်တွေပိုစားဖြစ်တဲ့အခါ ဆားပမာဏလည်း မြင့်မားစွာစားသုံးမိပါလိမ့်မယ်။

 

လေ့လာချက်အသစ်အရ လိုအပ်တာထက် ဆားပိုမိုစားသုံးမိတဲ့အခါ စိတ်အခြေအနေထိခိုက်လာတတ်ပါတယ်။

 

ခန္ဓာကိုယ်ထဲ ဆားပမာဏများလာတဲ့အခါ သွေးပေါင်ချိန်ပါမြင့်တက်လာပြီး လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ များလာပါတယ်။


ဆားရဲ့သက်ရောက်မှုက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် အပြုအမူနဲ့ စိတ်ဖိစီးမှုကိုပါ တိုးများလာစေကြောင်း Cardiovascular Research မှာ ဖော်ပြထားပါတယ်။

 

ဆားတိုင်းအားလုံး မကောင်းတာတော့ မဟုတ်ပါဘူး။

 

အဟာရဓာတ်တွေ ဆဲလ်တွေကနေ အဝင်အထွက်ပြုလုပ်တဲ့နေရာမှာ ဆိုဒီယမ်က အဓိကထိန်းညှိပေးပါတယ်။

 

ခန္ဓာကိုယ်ထဲမှာ ကလိုရိုက်ဒ်နဲ့ပေါင်းစပ်ဖို့ ဆိုဒီယမ်ဓာတ် အနည်းငယ်သာလိုအပ်ပါတယ်။

 

အမေရိကန်နဲ့ နိုင်ငံအများစုမှာ နေ့စဉ်ဆားစားသုံးမှုက လိုအပ်တာထက် ကျော်လွန်နေပါတယ်။

 

သုတေသနအဖွဲ့က ကြွက်တွေကိုအဖွဲ့ခွဲကာ ဆားပုံမှန်စားသုံးခိုင်းတဲ့အဖွဲ့၊ ဆိုဒီယမ်နည်းပါးစွာစားသုံးခိုင်တဲ့အဖွဲ့နဲ့ ဆားမြင့်မားစွာစားသုံးခိုင်တဲ့အဖွဲ့ဆိုပြီး သတ်မှတ်လိုက်ပါတယ်။

 

အချိန် ၈ ပတ်ကြာသည်အထိ မနက်နဲ့ညနေတိုင်း သူတို့ရဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကို တိုင်းတာခဲ့ပြီး သွေးနမူနာများရယူခဲ့ပါတယ်။

 

အဲဒီနောက် ဟိုက်ပိုသဲလမတ်စ်၊ အသည်း၊ ကျောက်ကပ်၊ နှလုံးတို့နဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇအချက်အလက်များအတွက် တစ်ရှူးနမူနာများ စုဆောင်းခဲ့ပါတယ်။

 

ဆားပမာဏသွေးထဲမှာ များတဲ့အခါ ဆိုဒီယမ်ဓာတ်များခြင်းအခြေအနေဖြစ်ပြီး အရည်မမျှတဘဲဖြစ်လာပါတယ်။

 

စားပွဲတင်ဆားအစား ဆားပမာဏနည်းတဲ့ ဆိုဒီယမ်ကလိုရိုက်ဒ်နဲ့ ပိုတက်ဆီယမ်ကလိုရိုက်ဒ်တို့ ပြောင်းလဲအသုံးပြုနိုင်ကြောင်း သုတေသီများအကြုံပြုထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group