Published: 1 January 2023

ပါလက်စတိုင်းနယ်မြေများကို အစ္စရေးသိမ်းပိုက်ထားမှုအပေါ် နိုင်ငံတကာတရားရုံး(အိုစီဂျေ)ထံမှ ဥပဒေကြောင်းအရ စဉ်းစားရန်အချက်ကိုတောင်းခံထားသည့် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မဲပေးမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟုက ပြင်းထန်စွာဝေဖန်လိုက်ပါတယ်။

“ ဂျူးပြည်သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်မြေ ရော ကျွန်တော်တို့ရဲ့ထာဝရမြို့တော်ဂျေရုစလင်မှာရော သိမ်းပိုက်သူတွေ မဟုတ်ကြဘူး။ ဘယ်လိုကုလသမဂ္ဂဆုံးဖြတ်ချက်ကမှ သမိုင်းရဲ့အမှန်တရာကို ပုံဖျက်ပစ်လို့မရနိုင်ဘူး” လို့ နာတာယာဟုက ဗွီဒီယိုနှင့်သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

အစ္စရေးဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ဆုံးဖြတ်ချက်ကို လိုက်ပါဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း သူကဖြည့်စွက်ပြောပါတယ်။

နာတာယာဟုဟာ ဒီတစ်ပတ်ကမှ ဝန်ကြီးချုပ်ရာထူးတာဝန်ရယူခဲ့တာဖြစ်ပါတယ်။ အခြေချနေရာတိုးချဲ့တာကို ဦးစားပေးလုပ်ငန်းအဖြစ်ထားရှိဖို့ဆောင်ရွက်နေပြီး သူတို့ တည်ဆောက်ထားတဲ့ အနောက်ဘက်ကမ်းခြေနယ်မြေကို ကျူးကျော်လိုတဲ့ ပါတီတွေတွေကို ထည့်သွင်းထားတဲ့ အစိုးရတစ်ခုကို သူက ဦးဆောင်နေပါတယ်။

ပါလက်စတိုင်းတွေက အနောက်ဘက်ကမ်းခြေကို  ဂါဇာနှင့် အရှေ့ဂျေရုစလင်နှင့်အတူ ပါလက်စတိုင်းနိုင်ငံအတွက် သိမ်းပိုက်ဖို့ကြိုးစားနေပါတယ်။ အနောက်ဘက်ကမ်းခြေမှာ အစ္စရေးတွေအခြေချမှုကို နိုင်ငံအများစုက တရားမဝင်ဘူး လို့ရှုမြင်ထားကြပါတယ်။ အစ္စရေးကတော့ သမိုင်းနှင့် သမ္မာကျမ်းစာတို့နှင့် ဒီမြေကို စည်းနှောင်ပြီး အဲဒီအမြင်ကို ပြင်းပြင်းထန်ထန် အငြင်းပွားခဲ့ပါတယ်။

သည်ဟေ့ဂ်အခြေစိုက် အိုစီဂျေကို ကမ္ဘာ့တရားရုံးအဖြစ်လည်းသိကြပြီး ကုလသမဂ္ဂရဲ့ နိုင်ငံအချင်းချင်းအငြင်းပွားမှုကို ဖြေရှင်းကြရတဲ့ ထိပ်တန်းတရားရုံးတစ်ခုလည်းဖြစ်ပါတယ်။သူ့ဆုံးဖြတ်ချက်ဟာ တရားဝင်ဖြစ်စေပေမယ့် အိုင်စီဂျေဟာ အဲဒါကို အတင်းအကျပ်လိုက်နာစေဖို့အခွင့်အာဏာမရှိပါဘူး။

အစ္စရေးရဲ့ သိမ်းပိုက်အခြေချကျူးကျော်နေထိုင်မှုတွေနှင့်ပတ်သက်လို့ ဥပဒေပိုင်းအရ အကျိးဆက်တွေအပေါ် အကြံပြုချက်ပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက အိုင်စ်ီဂျေကိုတောင်းခံလိုက်တာဖြစ်ပါတယ်။

နာတာယာဟုရဲ့ အစိုးရအဖွဲ့ဝင်တွေက အဲဒီအခြေချနေထိုင်မှုကို ဖွံ့ဖြိုးရေးစီမံကိန်းတွေ။ ဘတ်ဂျက်တွေနှင့် ခွင့်ပြုချက်မရှိဘဲ ရှေ့တန်းကင်းစခန်းတွေကို ခွင့်ပြုတာတွေနှင့် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။

Source: Reuters

#Israeli_slammed_UNGA_decision

#Benjamin_Netanyahu

#Israel_Palestinie