#World_Health
Published 1 January 2023

ယခင်ကမကြုံဖူးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ဗြိတိန်သုတေသီများက အသိဉာဏ်စီးဆင်းမှုအဖြစ် ဖော်ထုတ်လိုက်ပါတယ်။

 

အသိဉာဏ်စီးဆင်းမှုဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာအောင်မြင်မှု၊ လူမှုရေးအခြေအနေ၊ အသက်ရှည်ကျန်းမာရေးအပြင် မှတ်ဉာဏ်ကဲ့သို့ သိရှိမှုစွမ်းရည်များစွာနဲ့ဆက်စပ်နေပါတယ်။

 

ခက်ခဲရှုပ်ထွေးတဲ့ စဉ်းစားနိုင်စွမ်းတွေဖြင့် နေ့စဉ်လှုပ်ရှားမှုတွေမှာ အသုံးချနိုင်တာကိုတွေ့ရပါတယ်။

 

အသိဉာဏ်စီးဆင်းမှုက လူသားတွေရဲ့အပြုအမူမှာ အဓိကကျပေမယ့် သိမြင်နိုင်စွမ်းတစ်ခုတည်း ဒါမှမဟုတ် ယင်းတို့ရဲ့အစုအဝေးတစ်ခုနဲ့ ဦးနှောက်ဆက်နွယ်မှုသဘောသဘာဝနဲ့ ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်ပါတယ်။

 

အသိဉာဏ်စီးဆင်းမှုကို အကောင်းဆုံးစမ်းသပ်နိုင်တဲ့ Raven APM ကိုအသုံးပြုပြီး ဦးနှောက်အကျိတ် ဒါမှမဟုတ် လေဖြတ်လူနာ ၂၂၇ ယောက်ကို စူးစမ်းလေ့လာခဲ့ပါတယ်။

 

သူတို့ရဲ့ချဉ်းကပ်ပုံက ရောဂါဖြစ်စဉ်ကြောင့် ဒါမှမဟုတ် သိမြင်နိုင်စွမ်းကိုဖော်ပြနေတဲ့အပိုင်းတွေရဲ့ ချိတ်ဆက်မှုတွေကို အတူတကွဖော်ပြတဲ့ တွက်ချက်မှုကွန်ရက်အဖြစ် ဦးနှောက်ရှိအချက်အလက်များကြားဆက်ဆံရေးကို ဖော်ထုတ်ကြပါတယ်။

 

အသိဉာဏ်စီးဆင်းမှု ချို့ယွင်းတဲ့သူတွေမှာ ဦးနှောက်အနှံ့ပျံနှံ့နေတာထက်စာရင် ညာဘက်အရှေ့မှာထိခိုက်မှုရှိနေတဲ့ လူနာတွေမှာ ပိုပြီးတွေ့ရပါတယ်။

 

ဦးနှောက်အကျိတ်နဲ့ လေဖြတ်ခြင်းကဲ့သို့ ဦးနှောက်ထိခိုက်မှုတွေကို ဦးနှောက်ထိခိုက်ထားသူများနဲ့ ဒီမန်ရှာတို့လို အာရုံကြောပြဿနာလူနာတွေမှာ တွေ့ရှိကြရပါတယ်။

 

ဦးနှောက်ညာဘက်အရှေ့ပိုင်းဟာ ပြဿနာဖြေရှင်းနိုင်စွမ်း ကျိုးကြောင်းဆီလျော်နိုင်စွမ်းစတဲ့ အသိဉာဏ်စီးဆင်းမှု မြင့်မားတဲ့စွမ်းဆောင်ရည်တွေအတွက် အရေးကြီးကြောင်း ပထမဆုံးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပရော်ဖက်ဆာ'လီဆာဆီပိုလော့တီ'က ပြောပြခဲ့ပါတယ်။

 

ဦးနှောက်ထိခိုက်မှုတွေကို ပိုမိုလေ့လာခြင်းဖြင့် ဦးနှောက်နဲ့ သိရှိနိုင်စွမ်းတို့ကြားပတ်သက်မှုကို ထုတ်ဖော်နိုင်မှာဖြစ်ကာ အာရုံကြောပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြောပြသွားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group