Published 25 December 2022

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ အာဝါမီအဖွဲ့ချုပ် ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် စနေနေ့က သက်တမ်း (၁၀)ကြိမ် ဆက်တိုက် ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒါကြောင့် ဟာဆီနာဟာ အာဝါမီအဖွဲ့ချုပ်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်းအရှည်ဆုံး ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်စောစောပိုင်းမှာ အာဝါမီအဖွဲ့ချုပ်ဟာ အထွေထွေရွေးကောက်ပွဲကျင်းပပေးဖို့ ပြင်ဆင်နေတဲ့အလျောက် ပါတီဟာ အိုဘိုင်ဒူလ်ကေဒါကို ၂၂ကြိမ်မြောက်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူးအဖြစ် တံခါးပိတ်အစည်းအဝေးကနေ ရွေးချယ်ပေးခဲ့ပါတယ်။

ဒါကာမြို့တော်အလယ်က ဇာတ်ရုံကြီးတစ်ခုမှာ ကျင်းပတဲ့ အမျိုးသားကောင်စီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လွှားက ကောင်စီဝင် ခုနှစ်ထောင်ခန့် တက်ရောက်ခဲ့ကြတယ်လို့ ပြည်တွင်းသတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ အစည်းအဝေးအပြီးမှာ ဇာတ်ရုံနှင့်ကပ်လျက် ဆာဟရာဝါဒီယူဒိုင်ယန်ကွင်းထဲမှာ လူထုချီတက်ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ ဆူဟရာဝါဒီယူဒိုင်ယန်ကွင်းထဲကို မနက်၁၀နာရီ၂၀မိနစ်မှာရောက်ရှိလာပြီး နိုင်ငံတော်အလံလွှင့် တင်ခြင်း၊ချိုးဖြူများနှင့်ဘောလုံးများလွှတ်တင်ခြင်းဖြင့် ကောင်စီကိုဖွင့်လှစ်ခဲ့ပါတယ်လို့ ဒေလီစတားသတင်းစာက ရေးသားပါတယ်။

အာဝါမီအဖွဲ့ချုပ်ရဲ့အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အာမီယာဟိုစိန်အာမူက ဟာဆီနာကို ပါတီဥက္ကဋ္ဌအဖြစ် အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အစည်းအဝေးတက်သူအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့တာလို့ ပီတီအိုင် သတင်းအေဂျင်စီကပြောပါတယ်။

အချို့ပါတီခေါင်းဆောင်းတွေက ဒီ ကွန်ဖရင့်ကြီးကနေအားကောင်းတဲ့ခေါင်းဆောင်မှုကို သူတို့မျှော်လင့်တယ်လို့ သတင်းဌာနကိုပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမတိုင်ခင် ပါတီကို အားကောင်းကောင်းနှင့် ဦးဆောင်နိုင်မယ့်သူတစ်ဦးလိုတယ်လို့လည်း သူတို့ကပြောပါတယ်။

ပါတီစည်းမျဉ်းအရ အသက် ၇၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဆီနာဟာ ပါတီဥက္ကဋ္ဌအဖြစ် နောက်ထပ် ၃နှစ်  တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။သူဟာ ၁၉၇၅ခုနှစ်ဩဂုတ်လကတည်းက အိန္ဒိယမှာ အဝေးရောက်ပြည်ပြေးတစ်ဦး အဖြစ်နေထိုင်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်ပြန်ရောက်ပြီး ၁၉၈၁ခုနှစ်ကတည်းက ပါတီကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်?

Source: WION

#Sheikh_Hasina

# Chief_of_Awami_League

#Bangladesh_Politics