#WorldSports

++++++++++++++++++++++++++++++++++++++++++++

Published-6 Oct 2021

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဗီယက်နမ်ပြည်သူတွေအကြား စိတ်ဝင်စားမှုမရှိပေမယ့် ဟနွိင်းမှာကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပုံမှန်ထက်နောက်ကျကာ ၂၀၂၂ မှာ ကျင်းပဖို့ရှိပါတယ်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို အစက ၂၀၂၁ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပဖိုစီစဉ်ထားပေမယ့် ဗီယက်နမ်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ဇူလိုင်လမှာ ရွှေ့ဆိုင်းလိုက်ရပါတယ်။

နောက်ထပ်သတင်းအကြောင်းအရာတွေကတော့ မသိရသေးပါဘူး။အောက်တိုဘာလက ဗီယက်နမ်မှာ ကိုဗစ်ကူးစက်သူ ၅၀၀၀ အထိမလျော့ကျသေးခင် စက်တင်ဘာလအထိ ကိုဗစ်ထပ်မံကူးစက်သူ ၁၅၀၀၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်အားကစားစီမံခန့်ခွဲရေးရာမှ လက်ထောက်ဒါရိုက်တာ ထရန်ဒက်ဖန်က သက်ဆိုင်ရာအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရဖို့ နှောင့်နှေးနေပြီး ပြိုင်ပွဲတွေကို မေလလယ်လောက်မှာ ကျင်းပဖိုခန့်မှန်းထားတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာကို ဗီယက်နမ်သတင်းစာအန်နင်သူဒိုမှာ အောက်တိုဘာ ၁ ရက် သောကြာနေ့က ဖော်ပြထားပါတယ်။

မတ်လ ၁၀ ရက်ကနေ ၂၀ ရက်အထိ ထိုင်းနိုင်ငံမှာကွင်းပိတ်ကျင်းပမယ့် အာရှကိုယ်ခံပညာပြိုင်ပွဲများကို ၂၀၂၃ ခုနှစ်အထိ ရွှေ့ဆိုင်းဖို့မျှော်လင့်နိုင်ကြောင်း ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဌ အေဗရာဟမ်တိုရန်တီနိုက နောက်တစ်နေ့မှာ ပြောကြားလိုက်ပြီး ဒီအချက်ကြောင့် အာဆီယံအားကစားပြိုင်ပွဲတွေ စည်ကားမယ့် မတ်လ ဒါမှမဟုတ် ဧပြီလမှာ ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

The Straits Times ကို သတင်းပေးပိုချက်အရ ဟနွိင်းမှာကျင်းပဖို့ ပြိုင်ပွဲအစီအစဉ်တွေ ပြင်ဆင်ပြုလုပ်နေရတဲ့အတွက် ဒါဟာ ၂၀၂၃ မှာ ဆီးဂိမ်းပြိုင်ပွဲလက်ခံကျင်းပသွားမယ့် ကမ္ဘောဒီးယားအနေနဲ့ ပြင်ဆင်ချိန်ပိုရသွားကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မှာ ဆီးဂိမ်းပြိုင်ပွဲဖက်ဒရေးရှင်းလုပ်ငန်းကော်မတီအနေနဲ့ ဟနွိင်းမှာကျင်းပမယ့်ပြိုင်ပွဲအတွက် အပြီးသတ်စီစဉ်ပြီး သတ်မှတ်ရက်ကို အတည်ပြုပေးဖို့ တွေ့ဆုံသွားမယ်လို့ သိထားပါတယ်။ ဒါပေမယ့်လည်း အားကစားသမား ၁၀၀၀၀ ကျော် နည်းပြတွေနဲ့ အဖွဲ့ဝင်တွေပါဝင်လာမယ့် ပြိုင်ပွဲ ၄၀ လောက်အတွက် အချိန်မီအဆင်သင့်ဖြစ်အောင် ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

အန်နင်သူဒိုသတင်းစာရဲ့ ဖော်ပြချက်မှာ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ကုန်ကျစရိတ်ကို ချမပေးရသေးကြောင်း၊ ဒါကြောင့် လက်ရှိမှာပြိုင်ပွဲအတွက် သုံးစွဲစရာမရှိသေးကြောင်း ဖော်ပြထားပါတယ်။ ၂ နှစ် ၁ကြိမ်ကျင်းပလေ့ရှိတဲ့ ဒီပြိုင်ပွဲကို ၂၀၀၃ ခုနှစ်မှာနောက်ဆုံးကျင်းပခွင့်ရရှိထားတဲ့ ဗီယက်နမ်ဟာ အမေရိကန်ဒေါ်လာ ၆၉ သန်း(စင်ကာပူဒေါ်လာ ၉၃.၇ သန်း)ကို ပြိုင်ပွဲဖျော်ဖြေပွဲဖို့ အတွက် ချန်ထားတယ်လို့ သိရပါတယ်။

ဇင်သတင်းတိုက်မှ သတင်းစာဆရာထရန်ဒက်ထရွန်က The Straits Times ကိုပြောရာမှာ ဗီယက်နမ်အစိုးရက ဆီးဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပဖို ကတိပေးတယ်ဆိုကတည်းက ပြိုင်ပွဲကိုဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်တယ်လို သူယုံကြည်ကြောင်း၊ ဒါပေမဲ့လည်း ကပ်ရောဂါကြောင့် မသေချာမှုတွေရှိလာပြီလို့ ဆိုပါတယ်။ ဗီယက်နမ်ပြည်သူများကလည်း လက်ရှိမှာ ပုံမှန်အတိုင်း ပြန်လည်နေ ထိုင်ရဖို့ကိုသာ စိတ်ရောက်နေကြကြောင်း ဖွင့်ဟသွားပါတယ်။

"ဗီယက်နမ်က အခုမှ ၄ လလော့ဒေါင်း ပြီးခါစပဲရှိပါသေးတယ်။ ငွေကြေးတွေကိုလည်း ပိုမိုလိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့လိုတဲ့အတွက် ဆီးဂိမ်းပြိုင်ပွဲလက်ခံကျင်းပတာဟာ စီးပွားရေးအကျပ်အတည်းဖြစ်စေတယ်။ ကုမ္ပဏီများစွာကလည်း ဒေဝါလီခံသွားရတာကြောင့် ထောက်ပံ့ပေးမယ့်သူရှာဖို့ အစိုးရအနေနဲ့ ခက်ခဲသွားပါလိမ့်မယ်။

အခုထက်ထိကတော့ ဗီယက်နမ်မှာက စီးပွားရေးပြန်လည်ထူထောင်လာဖို့ကိုပဲ အာရုံစိုက်နေကြတာကြောင့် ဆီးဂိမ်းပြိုင်ပွဲကို စိတ်ဝင်စားတဲ့အသံတွေ မကြားရသေးဘူး။ လက်ရှိမှာ ပြည်သူတွေက ဆီးဂိမ်းပြိုင်ပွဲကို အဓိကဦးစားပေးအဖြစ် မသတ်မှတ်ကြဘူး" လို့ ဆိုပါတယ်။

Source Straits Times