#World_Science
Published 26 December 2022

 

လူသန်းပေါင်းများစွာခံစားနေရတဲ့ အယ်လ်ဇိုင်းမားရောဂါရှာဖွေရေးနည်းလမ်း တိုးတက်ရေးအတွက် Sysmex Corporation ကုမ္ပဏီကထုတ်လုပ်တဲ့ သွေးစစ်ဆေးကိရိယာပစ္စည်းကို ဂျပန်က အတည်ပြုလိုက်ပြီလို့ ကြာသပတေးနေ့က ဆိုပါတယ်။

 

လက်ရှိရှာဖွေရေးနည်းလမ်းတွေက ဈေးကြီးပြီး ခန္ဓာကိုယ်ထဲရှာဖွေနေရတာကြောင့် ကုမ္ပဏီကနေ လူအများတတ်နိုင်တဲ့ ဈေးနှုန်းဖြင့် ပရိုတိန်းစုပြုံလာခြင်းကို ရှာဖွေနိုင်မယ့် ပစ္စည်းကိရိယာကိုတည်ထွင်လိုက်ကာ ဈေးကွက်ထဲအမြန်ဆုံးဖြန့်ဖြူးနိုင်ဖို့ ကြိုးစားနေပါတယ်။

 

"အယ်လ်ဇိုင်းမားရောဂါရှာဖွေရာမှာ ဦးနှောက်ထဲက အမိုင်လွိုက်ပရိုတိန်းစုပြုံလာခြင်းကို ပိုမိုလျင်မြန်လွယ်ကူစွာရှာဖွေနိုင်စေတဲ့ နည်းပညာကို Sysmex က ထုတ်လုပ်နေပါတယ်" လို့ ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

 

သမားရိုးကျစမ်းသပ်နည်းတွေနဲ့ မတူတာက အခုပစ္စည်းဟာ သွေးဖြင့်စမ်းသပ်တာဖြစ်ပြီး လူနာကို သိပ်ပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ မဟုတ်ပါဘူး။

 

အယ်လ်ဇိုင်းမားရောဂါဆိုတာက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကိုဖျက်ဆီးပစ်တဲ့ ရောဂါဆိုးပါ။

 

အဓိကပရိုတိန်း ၂ မျိုးက စုပြုံလာကာ ဦးနှောက်ဆဲလ်တွေ သေစေပြီးတော့ ဦးနှောက်ကျုံ့သွားစေပါတယ်။

 

ဒီနည်းပညာသာ အောင်မြင်မယ်ဆိုရင် အယ်လ်ဇိုင်းမားနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းဆိုင်ရာ အခြားရောဂါတွေကို ရှာဖွေရာမှာ အပြောင်းအလဲဖြစ်လာမှာဖြစ်ကြောင်း အမေရိကန်အခြေစိုက် အယ်လ်ဇိုင်းမားအဖွဲ့အစည်းက ပြောလိုက်ပါတယ်။

 

လက်ရှိအရေးတကြီးလိုအပ်နေတာက ဒီရောဂါကိုရှာဖွေဖို့အတွက် ဈေးနှုန်းချိုသာပြီး ရိုးရှင်းလွယ်ကူတဲ့ ရှာဖွေရေးကိရိယာတွေ ဖြစ်ပါတယ်။

 

ဒီရောဂါကို ထိရောက်စွာရှာဖွေနိုင်မယ့် နည်းလမ်းကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ သုတေသီများ ကြိုးစားတီထွင်နေကြပါတယ်။

 

Source: WION
#Yangon_Media_Group