#World_Health
Published 15 December 2022

 

မနက်ပိုင်းမှာ နှိုးစက်ပေးပြီး အိပ်ရာထရတဲ့လူတွေဟာ ပုံမှန်အတိုင်းထတဲ့သူတွေထက် အိပ်ရေးမဝလေ့ရှိကြောင်း Sleep ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

နှိုးစက်မြည်တဲ့အခါ အချိန်ရွှေ့ဆိုင်းတဲ့အပြုအမူနဲ့ ပတ်သက်ပြီး အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု၊ အမူအရာတို့ကို ‌ဒေါက်တာ'စတီဖင်မက်တင်လီ'က ပြောကြားခဲ့ပါတယ်။

 

အချိန်ပြည့်ဝန်ထမ်း အလုပ်လုပ်တဲ့လူ ၄၅၀ ကို စစ်တမ်းကောက်ယူကာ အိပ်စက်ခြင်းအချိန်နဲ့ နှလုံးခုန်နှုန်းတို့ကို တိုင်းတာတဲ့ အချက်အလက်များကောက်ယူခဲ့ပါတယ်။

 

နှိုးစက်မြည်တဲ့အခါ အချိန်ရွှေ့တဲ့လူတွေက အိပ်စက်ရာမှာ အနှောင့်အယှက်ကြုံတွေ့ရပြီး ပုံမှန်အတိုင်းထတဲ့သူတွေကတော့ ပိုပြီးအိပ်စက်ရကာ နေ့ခင်းပိုင်းကော်ဖီသိပ်မသောက်တတ်ကြပါဘူး။

 

အမျိုးသမီးတွေက အမျိုးသားတွေထက် ၅၀ ရာခိုင်နှုန်းလောက် ပိုပြီးနှိုးစက်ရွှေ့ဆိုင်းတတ်ကြကာ ညဘက်နောက်ကျမှ အိပ်သူတွေကလည်း အပင်ပန်းဆုံးသူတွေ ဖြစ်ပါတယ်။

 

လေ့လာခဲ့တဲ့သူတွေက နှစ်‌ပေါင်းကြာအောင် အဆင့်မြင့်ဘွဲ့တွေနဲ့ အလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး လူအနည်းစုကိုသာ လေ့လာရသေးတာဖြစ်ပါတယ်။

 

နှိုးစက်မလိုတဲ့သူတွေက နေ့ခင်းဘက် တရေးတမောအိပ်စရာမလိုသလို ‌တစ်နေ့လုံးမပင်ပန်းကြပါဘူး။

 

နှိုးစက်ပေးခြင်းက လူတစ်ယောက်ရဲ့ သဘာဝအိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေကာ ပိုမိုပင်ပန်းစေနိုင်ပါတယ်။

 

နှစ်ခြိုက်စွာအိပ်ပျော်တဲ့အချိန်နဲ့ အိပ်ရာမထခင်အချိန်တို့မှာ ထွက်တဲ့ဟော်မုန်းတွေ မတူညီကြပါဘူး။

 

ပုံမှန်အတိုင်း အိပ်ရာထပါက ခန္ဓာကိုယ်က ဖိစီးမှုကိုတုန့်ပြန်ခြင်းဖြစ်ပေါ်ကာ ပိုမိုနိုးကြားနေပါတယ်။

 

လူတွေက အိပ်ရေးမဝတာကြောင့် နှိုးစက်ကိုအချိန်ရွှေ့တတ်ကြပြီး လူ ၂ ယောက်မှာ ၁ ယောက်ကသာ အိပ်ရေးဝလေ့ရှိပါတယ်။

 

နှိုးစက်ပထမဆုံးအကြိမ် နိုးတာပဲဖြစ်ဖြစ်၊ ၃ ခါလောက်မှ နိုးတာဖြစ်ဖြစ်၊ နှိုးစက်အသုံးပြုတယ်ဆိုကတည်းက အိပ်ရေးမဝစေမယ့် လက္ခဏာပဲဖြစ်ပါတယ်။

 

အကောင်းဆုံးကတော့ ခန္ဓာကိုယ်က လိုအပ်သလောက် အိပ်ပေးဖို့ပဲဖြစ်တယ်လို့ သုတေသီများက အကြံပေးလိုက်ပါတယ်။

 

Source: NY Post
#Yangon_Media_Group