#World_Health
Published 15 December 2022

 

ရာသီဥတုအကူးအပြောင်းမှာဖြစ်တတ်တဲ့ တုပ်ကွေး၊ အအေးမိ၊ ကိုရိုနာဗိုင်းရစ်တိုဖြစ်တဲ့အခါ နှာခေါင်းပိတ်ခြင်းကဲ့သို့ လက္ခဏာများဖြစ်တတ်ပြီး အသက်ရှူရခက်ခဲတတ်ပါတယ်။

 

နှာခေါင်းပိတ်တာကို‌ ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပြီး နှာခေါင်းဖျန်းဆေး၊ သောက်ဆေးတို့အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ ဆေးအသုံးမပြုရဘဲနှင့် နှာခေါင်းပိတ်တာကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိပါသေးတယ်။

 

(၁) လျှာအသုံးပြုခြင်း

 

လျှာဖျားထိပ်ကို အာခေါင်ကိုထိပြီး မျက်စိကြားထဲကနဖူးနေရာကို ဖိထားပါ။

 

အဲ့ဒီပုံစံအတိုင်းစက္ကန့် ၂၀ ကြာပြုလုပ်လျှင် နှာခေါင်းပြန်ပွင့်လာသလို ခံစားရမှာပါ။

 

(၂)ခေါင်းကိုအနောက်ဘက်စောင်းခြင်း

 

နှာခေါင်းပေါက်မှာ လက်နစ်ချောင်းဖြင့် ပိတ်ပါ။ ပါးစပ်ကနေ လေရှုသွင်းပြီး ခေါင်းကိုမော့၍‌အနောက်သို့လှန်ပါ။ အသက်အောင့်ထားပြီး ခေါင်းကိုအနောက်ကိုပဲ ဆက်မော့ထားပါ။
ထိုကဲ့သို့ပြုလုပ်ခြင်းက ဦးနှောက်ထံသို့ သတင်းရောက်ရှိပြီး နှာခေါင်းပွင့်လာစေရန် တုန့်ပြန်ပေးပါတယ်။

 

(၃) လက်မကိုအသုံးပြုခြင်း

 

ညာဘက်လက်မကို ဘယ်ဘက်ပါးရိုးအောက်ထားပါ။ နောက်ထပ်လက်တစ်ဖက်က နားရွက်ကို ၁၀ စက္ကန့်ဆွဲထားပါ။

 

ထိုကဲ့သို့ပြုလုပ်ခြင်းက ဘယ်ဘက်နှာခေါင်းပေါက် ပွင့်လာစေမှာဖြစ်ပြီး ဆန့်ကျင်ဘက်အတိုင်း ထပ်မံပြုလုပ်ရပါမယ်။

 

(၄)အသက်ရှုသွင်းနည်း

 

အရင်ဆုံးနှခေါင်းဖျန်းဆေးဖြင့် ပိတ်နေတဲ့နှာ‌ရည်တွေကို ပျော်အောင်လုပ်ရပါမယ်။ ထိုင်ပီးတော့ ပါးစပ်ပိတ်ကာ နှာခေါင်းကနေရှုသွင်းရှုထုတ်ပြုလုပ်ပြီး ၁၀ စက္ကန့်နှာခေါင်းပိတ်ရမယ်။

 

ခေါင်းကိုဟိုဘက်ဒီဘက်စောင်းပြီး အကြိမ်ရေများစွာ ပြုလုပ်သင့်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group