Published 11 December 2022

ကလေး(၆)ဦးရဲ့မိခင် ရာချယ်ရစ်ချ်ဝေးက သူမဟာ  သူမနောက်ဆုံးမွေးဖွားလိုက်တဲ့ကလေးတွေထက် အသက် (၃)နှစ်  (နည်းပညာသက်သက်အရ)သာ အသက်ကြီးနေတယ်လို့သိလိုက်ရတဲ့အခါ အတော်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်က မွေးဖွားခဲ့တဲ့ အမြွှာနှစ်ဦးဟာ တကယ်တမ်းတော့ အသက်အကြီးဆုံးသန္ဓေသားလောင်းတွေကနေ ဖန်တီးယူခဲ့တာဖြစ်ပါတယ်။

ရာချယ်နှင့် သူမရဲ့ခင်ပွန်း ဖိလစ်တို့ဟာ ၁၉၉၂ခုနှစ်ဧပြီလတုန်းက တီမိုသီနှင့်လင်ဒီယာလို့အမည်ပေးထားတဲ့ သန္ဓေသား လောင်း သားနှင့်သမီးကို အေးခဲထားခဲ့ပါတယ်။

ကလေးတွေရဲ့ ဇီဝဆိုင်ရာမိဘနှစ်ပါး ဘယ်သူဆိုတာ မသိရပါဘူး။ သူတို့ဟာ IVF (ဖန်ပြွန်နည်းဖြင့် သန္ဓေအောင်စေပြီး) နောက် သူတို့ရဲ့ သန္ဓေသားလောင်းကို အမျိုးသား အဆင့် သန္ဓေသားလောင်း လှူဒါန်းရေးဌာန သို့မဟုတ် NEDC အင်န်အီးဒီစီထံ လှူဒါန်းခဲ့ကြပါတယ်။

“ဒီသန္ဓေသားလောင်းတွေ အသက်စရှင်တဲ့အချိန်မှာ ကျွန်တော်က ငါးနှစ်သားပဲရှိသေးတယ်ဗျ” လို့ ဖခင်ဖြစ်သူဖိလစ်က ပြောပါတယ်။အဲဒီတုန်းက သူ့ဇနီး ရာချယ်က (၃)နှစ်အရွယ်မိန်းကလေးတစ်ဦးသာရှိသေးတယ်လို့လည်း သူက ပြောပါတယ်။

“ဒီအကြောင်း ကျွန်တော်တို့ပြောပြတာကို နားထောင်မိကြတဲ့သူတိုင်း အလန့်တကြားတွေဖြစ်ကုန်ကြတယ်” လို့ ဖိလစ်က ဆက်ပြောပါတယ်။

အသက်(၂)နှစ်နှင့် (၈)နှစ်ကြား သားသမီး(၄)ယောက်ရှိတဲ့ ရစ်ချ်ဝေးဟာ၂၀၁၉ခုနှစ် ဒီဇင်ဘာလထဲ  ာ NEDC ကို ကနဦး ကတည်းက သွားရောက်ချည်းကပ်ခဲ့တာပါ။ “ ကျွန်မတို့ရဲ့ အကြီးဆုံးကလေး(၃)ယောက်ကိုယ်ဝန်လွယ်ရာမှာ မျိုးအောင်ဖို့ အကူအညီလိုအပ်ခဲ့တာပါ” လို့ ရစ်ချ်ဝေးကပြောပါတယ်။ သူမဟာ ဟိုမုန်းအားမြှင့်တဲ့ ကလိုမစ်ကို သုံးစွဲခဲ့ရပါတယ်။

အဲသလိုနှင့် ၂၀၂၀ မှာ စတုတ္ထမြောက် ကိုယ်ဝန်လွယ်ဖို့အတွက် သူတို့က NEDC က အေးခဲသန္ဓေသားလောင်းကို မွေးစားဖို့ စဉ်းစားခဲ့ပါတယ်။

“ အဲဒီသန္ဓေသားလောင်းမွေးစားဖို့ ကျွန်မတို့ ပိုက်ဆုံသုံးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ သူမကပြောပါတယ်။ဒါပေမယ့် အဲဒီ အစီအစဉ်က လအနည်းငယ်အကြာမှာ ပြောင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ သဘာဝအတိုင်း ကိုယ်ဝန်ရ လာလို့ဖြစ်ပါတယ်။ အဲဒီကလေးက အခုဆို အသက်(၂)နှစ်ရှိပါပြီ။

ဒါပေမယ့် သူတို့က နောက်ထပ်ကလေးတွေထပ်ယူဦးမယ်လို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။အဲဒါကြောင့် ယခင်စိတ်ကူးကို ပြန်ပြီး အကောင်အထည်ဖော်လိုက်ပါတော့တယ်။

ကျွန်တော်တို့က ဘုရားသခင်ပေးသလောက် သားသမီးတွေရချင်တယ်” လို့ ဘာသာရေးကိုင်းရှိုင်းတဲ့ သူတို့ကပြောပါ တယ်။

အဲဒါကြောင့် ယခု ဝါရှင်တန်ပြည်နယ် ဗန်ကူးဗားမှာနေထိုင်တဲ့သူတို့လင်မယားဟာ NEDC ရဲ့ အထူးစဉ်းစားရွေးချယ်တဲ့ ဌာနခွဲကနေ သန္ဓေသားလောင်းတွေကိုရယူခဲ့ပါတယ်။ “အဲဒီဌာနခွဲကိုလူတွေက မကြာခဏကျော်သွားတတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိုးရိုးဗီဇပုံစံမမှန်တဲ့မိဘတွေက လှူဒါန်းထားတဲ့ နေရာဖြစ်လို့ပဲ” လို့သူမကပြောပါတယ်။

“ ကျွန်မက ပြည့်စုံကောင်းမွန်မှုရှိသမား မရှိဘူးလား အဲဒါကို အရေးမထားဘူး” လို့ အသက် ၂၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ရစ်ချ်ဝေးကပြောပါတယ်။ အဲဒီအမြွာသန္ဓေသားလောင်းတွေရဲ ဖခင်ဟာ အေအယ်လ်အက်စ်ရောဂါလို့ခေါ်တဲ့ Lou Gehrig (အာရုံကြောရောဂါတစ်မျိုး) နှင့် သေဆုံးခဲ့တာလို့တော့ သူတို့သိခဲ့ပါတယ်လို့ဆိုပါတယ်။

“အဲဒါကြောင့်ကလေးတွေမှာ မျိုးဗီဇချို့ယွင်းမှုရှိရင်လည်းရှိမယ် မရှိရင်လည်းမရှိဘူး။ဒါပေမယ့် ကျွန်မတို့ ဒါကို ဂရုမစိုက်ဘူး” လို့သူမကပြောပါတယ်။

အခြားမိဘတွေနှင့်မတူဘဲ သူတို့က သန္ဓေသားလောင်းရဲ့ အသက်ကိုလည်း အရေးမစိုက်ဘူး လို့ ဖိလစ်ကပြောပါတယ်။ သူတို့ဟာ သူတို့ရွေးချယ်ခဲ့တဲ့ သန္ဓေသားလောင်း (၃)ခုထဲမှာ (၂)ခုက ကိုယ်ဝန်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရာချယ်လ်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့ ၃၇ပတ်နှင့် (၂)ရက် ကိုယ်ဝန်ဆောင်အပြီးမှာ အမြွှာကလေးတွေကို မွေးဖွားခဲ့ပါတယ်။ တင်မိုသီဟာ (၆)ပေါင်(၇)အောင်စနှင့် လင်ဒီယာက (၅)ပေါင်နှင့် (၁၁)အောင်စရှိပါတယ်။သူတို့ရဲ့ သန္ဓေသားလောင်းဟာ အသက်အကြီးဆုံးသန္ဓေသားလောင်းအဖြစ်  တင်နက်ဆီပရက်စွန်တက္ကသိုလ် ဆေးဝါးစာကြည့်    တိုက်ရဲ့ မှတ်တမ်း စံချိန်ချိုးခဲ့ပါတယ်။ သူ့အရင်က  ၂၀၁၇ခုနှစ်မှာ မွေးခဲ့တဲ့ မော်လီဂစ်ဆန်ကလေးရဲ့ အေးခဲသန္ဓေသား လောင်းဆိုရင် ၂၄နှစ်သားပဲရှိခဲ့တာဖြစ်ပါတယ်။

သူတို့ဟာနာမည်ကြီးချင်လို့ အခုလိုအသက်အကြီးဆုံးသန္ဓေသားကို ရွေးချယ်ခဲ့တာမဟုတ်ဘူးလို့လည်း သူမကပြောပါ တယ်။အမြွှာကလေးတွေ နားလည်တတ်တဲ့အရွယ်ရောက်ရင် သူတို့ဟာ အေးခဲသန္ဓေသားလောင်းတွေကို မွေးစားပြီး မွေးဖွားလာတဲ့အကြောင်း ပြောပြမယ်လို့လည်း သူတို့ကပြောပါတယ်။

“ သူတို့ဟာ မွေးစားထားတယ်ဆိုတာ သူတို့အမြဲသိနေရမယ်။ သန္ဓေသားလောင်းမွေးစားတာဟာ သူတို့အတွက် တကယ့် အထူးတလည်ဖြစ်စေခဲ့တယ်ဆိုတာသူတို့သိရမယ်” လို့ ရာချယ်လ်ကပြောပါတယ်။

Source: Insider

#Rachel_Philip

#30_years_old_Frozen_Embryos

#Science_Tech