Published 11 December 2022

ပြင်သစ်နှင့်ကစားတဲ့ပွဲမှာ သူကန်လိုက်တဲ့ ပင်နယ်တီဘောလုံး လွဲချော်သွားရပြီး အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပွဲကနေ ထွက်ခွာခဲ့ရခြင်းအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဟယ်ရီကိန်းကပြောလိုက်ပါတယ်။

သီအိုဟာနန်ဒေးစ်က မေဆွန်မောင့်ကို ပြင်သစ်ရဲ့ ပင်နယ်တီဧရိယာအတွင်း တရကြမ်းတိုးဝင်ခဲ့တဲ့အတွက် အင်္ဂလန်အသင်းဟာ ရွှေရောင်အခွင့်အရေးအဖြစ် ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၅၄မိနစ်မှာ ပင်နယ်တီဝင်အောင်ကန်ပေးခဲ့တဲ့ ကိန်းရဲ့ ကန်ချက်ဟာ ဂိုးသမား Hugo Lloris ရဲ့ ဘားတန်းကို ကျော်ပြီးမြောက်တက်သွားခဲ့ပါတယ်။

အချိန်ပြည့်ခရာမှုတ်လိုက်တဲ့အခါ ကိန်းဟာသိသိသာသာကို စိတ်ကယောက်ကယက်ဖြစ်သွားပါတယ်။ သူ့ကစားဖော် တွေနှင့် မန်နေဂျာ ဂါရက်ဆောက်ဂတ်က သူ့ကို ဝိုင်းပြီး နှစ်သိမ့်ကြပါတယ်။

နှစ်ဂိုးတစ်ဂိုးနှင့် ရှုံးခဲ့ရတာဟာ အမှားမခံနိုင်တဲ့ ဂိုးကွာခြားချက်မဟုတ်ဘူးလားလို့ သူ့ကို ဘီဘီစီအားကစားချယ်နယ်က မေးတဲ့အခါ  ဒီကွာခြားချက်ကိုက နေလို့ထိုင်လို့ခက်တဲ့ကိစ္စပဲ။ အချိန်တစ်ခုမှာတော့ အသေအချာပဲ” လို့ သူကဖြေပါတယ်။

“ဒါကို ပုဂ္ဂိုလ်ရေးအရရော အသင်းအနေနှင့်ပါ လက်ခံဖို့သိပ်ခက်တယ်” လို့ သူကပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ကလေးတွေအတွက် ပိုပြီးဂုဏ်မယူနိုင်ဘူးလား။ ကျွန်တော်တို့ စပဲလ် spells ပိုကောင်းတယ်။ အခွင့်အလမ်းပိုရတယ်။ဒါပေမယ့် ကစားပွဲဟာ အသေးစိတ်အငယ်လေးတွေကနေ ဆင်းသက်လာတာဖြစ်တယ်။ ကျွန်တော်တို့ ဒီကနေ့ တန်ရာတန်ကြေးပေးဆပ်ရတာဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။

“ အသင်းကပ္ပတိန်တစ်ဦးအနေနှင့် ပင်နယ်တီလွဲသွားခဲ့ရတဲ့အတွက် တာဝန်ခံပါတယ်။ ကျွန်တော် အများကြီးတွေးတဲ့ သူမဟုတ်ဘူး။ အကယ်၍ ပင်နယ်တီတစ်လုံး သို့မဟုတ် နှစ်လုံးကန်ရရင် ဘာလုပ်မလဲဆိုတာ ကျွန်တော်ကြို ပြင်ဆင်ပြီးသားပါ။ ကျွန်တော်ပြင်ဆင်မှု ဒါမှမဟုတ် ပွဲမတိုင်ခင် အသေးစိတ်လုပ်တာတွေအပေါ် အပြစ်မရှာနိုင်ဘူး” လို့ ကိန်းကဆက်ပြောပါတယ်။

Source MetroUK

#England_France_World_Cup

#Harry_Kane

#World_cup_2022