#World_Health
Published 12 December 2022

အဆုတ်ရောဂါ ဖြစ်နိုင်ချေအများဆုံးရှိတဲ့ အမေရိကန်တဝိုက်မှ အလုပ်ခွင်နေရာများကို စာရင်းပြုစုထားပါတယ်။

 

ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ သုတေသီများက ၂၀၂၀ ခုနှစ်အတွင်း အဆုတ်လမ်းကြောင်းကျဉ်းရောဂါ (COPD)ကြောင့် သေဆုံးသူ ၃ သိန်းကျော်ကို လေ့လာခဲ့ပါတယ်။

 

သတ္တုမိုင်းတူးဖော်ရေး အလုပ်သမားတွေက အန္တရာယ်အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ စားပွဲထိုး၊ စားဖိုမှူး၊ ဟိုတယ်ဝန်ထမ်းတွေက ဒုတိယအန္တရာယ်အများဆုံးဖြစ်ကာ ဆောက်လုပ်ရေးသမားတွေက တတိယနေရာမှာ ရှိနေပါတယ်။

 

စာသင်ဆရာများ၊ ရှေ့နေ‌များ၊ ဘဏ္ဍာရေးဝန်ထမ်းများကတော့ ဖြစ်နိုင်ချေအနည်းဆုံးသူတွေ ဖြစ်နေပါတယ်။

 

COPD ရောဂါက အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းခြင်း ဒါမှမဟုတ် ရောင်ရမ်းခြင်းဖြစ်ပေါ်ကာ အသက်ရှူရခက်ခဲလာပါတယ်။
သေဆုံးမှုတွေကို ခွဲခြမ်းစိတ်ဖြာပြီး အလုပ်ခွင်မှာ အလုပ်လုပ်နေတဲ့သူအရေအတွက်နဲ့ နှိင်းယှဉ်ကြည့်ကြပါတယ်။

 

အများစုက သေဆုံးချိန်မှာ အသက် ၇၅ နှစ်ကျော်ဖြစ်ကြပြီး လူဖြူလူမျိုးအများစုပါဝင်ပါတယ်။

 

အဆုတ်ရောဂါ အဖြစ်အများဆုံး အလုပ်အကိုင် ၅ မျိုးထဲမှာ စစ်တပ်၊ သယ်ယူပို့ဆောင်ရေး၊ ဂိုဒေါင်နေရာများမှ အလုပ်သမားဝန်ထမ်းများ ပါဝင်နေပါတယ်။

 

အန္တရာယ်အနည်းဆုံး လုပ်ငန်းနေရာကလူတွေက အယောက် ၁ သိန်းမှာ အဆုတ်ရောဂါကြောင့် သေဆုံးသူ ၀.၆၈ ဦးသာရှိပြီး သတ္တုတူးဖော်ရေးအလုပ်သမားတွေကတော့ အယောက် ၁ သိန်းမှာ ၁.၃၃ ဦးရှိပါတယ်။

 

ဖုန်မှုန့်များ၊ အငွေ့များ၊ ဓာတ်ငွေ့များ၊ ဆေးလိပ်သောက်သူရဲ့ ဘေးမှာနေတဲ့သူများက အဆုတ်ရောဂါဖြစ်နိုင်ချေအများဆုံးရှိကြောင်း ကျန်းမာရေးသိပ္ပံပညာရှင် ဒေါက်တာ'ဂီရီဂျာဆီယမ်လဲလ်'က သတိပေးလိုက်ပါတယ်။

 

သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း၊ အစားအစာလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေက တဆင့်ဆေးလိပ်ငွေ့၊ ဒီဇယ်ထုတ်အငွေ့၊ စက်ပစ္စည်းလောင်ကျွမ်းခြင်းတို့မှ အငွေ့များကို ထိတွေ့နေရပါတယ်လို့ ဆိုပါတယ်။

 

လူအများသွားလာကြတဲ့ နေရာတွေမှာ ပိုးသတ်ဆေး၊ သန့်ရှင်းရေးပစ္စည်းများ အသုံးပြုခြင်းကြောင့်လည်း အဆုတ်ရောဂါဖြစ်နိုင်ချေရှိပါတယ်။

 

ဒီလိုမဖြစ်ရအောင် လေဝင်လေထွက်စနစ်များတပ်ဆင်ခြင်း၊ လေထုထဲက အန္တရာယ်ပြုအမှုန်များကို စစ်ထုတ်ပေးနိုင်တဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်းများ ပြုလုပ်သင့်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group