Published 11 Dec 2022

✳️ တွစ်တာက စာလုံးအရေအတွက်ကို လက်ရှိ စာလုံး၂၈၀ သတ်မှတ်ကန့်သတ်ထားရာမှ နောက်ဆုံးတွင် စာလုံးရေ ၄၀၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ကုမ္ပဏီရဲ့ စီအီးအို အီလွန်မတ်စ်က တွစ်တာကနေ အတည်ပြု

✳️ တွစ်တာက စာလုံးရေ ၄၀၀၀ အထိ တိုးမြှင့်ပေးမယ်လို့ သတင်းတွေထွက်နေတာ ဟုတ်သလားလို့ တွစ်တာပေါ်မှာ တစ်ဦးကမေးမြန်းတဲ့အခါ အီလွန်မတ်စ်က “ဟုတ်ပါတယ်” လို့ ပြန်ဖြေခဲ့ခြင်းဖြစ်

✳️ သို့သော် သူက အသေးစိတ်ကိုတော့ ထုတ်မပြောသေး

✳️ တွစ်တာဟာ အစပထမမှာ စာလုံးရေ ၁၄၀ကန့်သတ်ပေးခဲ့ပါတယ်။အဲဒီကနေ ၂၀၁၇ခုနှစ်မှာ စာလုံးရေ ၂၈၀အထိတိုးပေးခဲ့

✳️ ထို့အတွက်တွစ်တာအသုံးပြုသူတွေဟာ သူတို့ရဲ့ဘလော့ခ်ထဲကစာအရှည်ကြီးတွေကို တွစ်တာတွင် ပို့စ်တင်နိုင်တော့မည်ဖြစ်

✳️ တွစ်တာက ယခုအပတ်အတွင်း ယင်း၏ Twitter Blue လစဉ်ကြေးပေးအစီအစဉ်ကို တနင်္လာနေ့တွ် ပြန်လုပ်မည် ဟုကြေညာခဲ့

✳️ အဆိုပါအစီအစဉ်အရ အသုံးပြုသူများသည် အပြာရောင်အမှန်အမှတ်အသားတစ်ခုရရှိမည့်အပြင် အခြားအခွင့်အရေးတွေ ဖြစ်သည့် တွစ်ပို့စ်များကိ တည်းဖြတ်နိုင်ခြင်းနှင့် 1080p ဗွီဒီယိုများတင်နိုင်ခြင်းတို့ ရရှိမည်ဖြစ်

✳️ Twitter Blue ကို အိုင်ဖုန်းအသုံးပြုသူများကိုပို၍ဈေးကြီးသော တစ်လ ၁၁ ဒေါ်လာနှုန်းကောက်ခံမည်ဖြစ်

✳️ အက်ပဲလ်က အက်ပလီးကေးရှင်းရောင်းရငွေမှ ကော်မရှင် ၃၀ ရာခိုင်နှုန်းအထိယူထားသဖြင့် အီလွန်မတ်စ်က ဝေဖန်ခဲ့ပြီးနောက် အိုင်ဖုန်းနှင့်အက်ပဲလ်သုံးသူများထံမှ ဈေးပိုတောင်းခဲ့ခြင်းဖြစ်

Source USA Today

#Twitter

#Elon_Musk

#Tweets_increase_charactors