#World_Science
Published 12 December 2022

လူတွေက ခွေးလေးတွေ ဘာလုပ်ချင်လဲဆိုတာကို အမူအရာကြည့်ပြီး ခန့်မှန်းနိုင်ပေမယ့် ရန်လိုတဲ့သဘောကိုတော့ သိပ်ပြီးမသိရှိကြပါဘူး။

 

ခွေး ၂ ကောင်ကြား အပြန်အလှန်ရန်လုပ်နေတဲ့သဘောကို လူတွေက ၂၀ ရာခိုင်နှုန်းလောက်ပဲ မှန်အောင် ခန့်မှန်းနိုင်ကြတယ်လို့ ဂျာမနီမှသုတေသီများက တွေ့ရှိခဲ့ပါတယ်။

 

ကလေးတွေ ရန်စောင်တဲ့အချိန်မှာလည်း ခန့်မှန်းရခက်ပြီးတော့ ကစားချင်တဲ့အချိန် သာမန်အချိန်တွေလောက်မှာပဲ ခန့်မှန်းနိုင်ကြတာများပါတယ်။

 

ဒါဟာ အခြားလူတွေနဲ့ ခွေးတွေဆီကနေ အကောင်းတွေကိုပဲ ဘက်လိုက်ပြီးခန့်မှန်းတတ်တာကြောင့် ဖြစ်နိုင်တယ်လို့ စာတမ်းပြုစုခဲ့သူ'ထရီဇာအက်ပါလိန်'က ဆိုပါတယ်။

 

ဒီလိုဘက်လိုက်မှုကြောင့်ပဲ ခွေးတွေမှာ ရန်စောင်တဲ့အမူအရာကို သတိမထားမိကြတာ နေပါလိမ့်မယ်။

 

လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြောတဲ့စကား၊ ကိုယ်အမူအရာတွေကနေ အကဲကြည့်ပြီး လေ့လာတတ်ကြပါတယ်။

 

ဒီလိုနဲ့ လိုအပ်တဲ့အချိန်မှာ သင့်လျော်စွာတုန့်ပြန်ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရလာကြပါတယ်။

 

လူသားတွေက အခြားသတ္တဝါတွေကိုကော ဘယ်လောက်အထိ ခန့်မှန်းနိုင်သလဲဆိုတာကို သုတေသီများက လေ့လာချင်ခဲ့ကြပါတယ်။

 

စမ်းသပ်မှုပြုလုပ်ရာမှာ ကလေး ၂ ယောက်၊ ခွေး ၂ ကောင်တို့ရဲ့ပြုမူပုံတွေကို ခန့်မှန်းဖို့အတွက် ဗီဒီယိုထဲကနေ သူတို့ရဲ့ မျက်နှာအမူအရာ၊ ခန္ဓာကိုယ်အနေအထားတို့ကို သတိထားခဲ့ကြပါတယ်။

 

ကြည့်ရှုသူတွေထဲ လူတဝက်က ဗီဒီယိုကိုကြည့်ပြီး ကလေးတွေ၊ ခွေးတွေက ရန်လိုနေသလား၊ သာမန်အတိုင်းလား၊ ကစားချင်နေသလားဆိုတာကို ခန့်မှန်းရပါတယ်။

 

အဲဒီအခါ အမျိုးအစားတစ်ခုချင်းစီရဲ့ အပြန်အလှန်တုန့်ပြန်ပုံတွေကို ခန့်မှန်းရာမှာ မျှော်လင့်ထားတာထက်ပိုပြီး ကောင်းမွန်အောင် ခန့်မှန်းနိုင်တာကို တွေ့ခဲ့ရပါတယ်။

 

ဒါပေမဲ့ ခွေးတွေနဲ့ကလေးတွေရဲ့ ရန်လိုတဲ့အမူအရာကိုတော့ ကောင်းစွာမခန့်မှန်းနိုင်ခဲ့ဘူးလို့ သုတေသီများ ဖော်ပြခဲ့ပါတယ်။

 

ခွေးပိုင်ရှင်တွေအနေနဲ့လည်း ခွေးတွေရဲ့ရန်လိုတဲ့အမူအရာကို သတိရှိနိုင်စေရန် သေချာလေ့လာမှတ်သားသင့်တယ်လို့ ဖော်ပြနေပါတယ်။

 

သူတို့ရဲ့ရန်လိုတဲ့အမူအရာတွေကို လူသားတွေနားလည်ဖို့ လိုအပ်တဲ့အရာတွေကို နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမယ်လို့ ဖော်ပြထားပါတယ်။

 

Source: Daily Mail
#Yangon_Media_Group