Published 1 July 2021

အန်ကာရာ- တူရကီနိုင်ငံဟာ နိုင်ငံတကာအမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးသဘောတူစာချုပ်အဖွဲ့ဝင် အဖြစ်မှ ဒီကနေ့ တရားဝင်နုတ်ထွက်လိုက်ပါတယ်။တူရကီသမ္မတက တေရစ်အာဒိုဂန်က နုတ်ထွက်မယ့်ဆုံးဖြတ်ချက်ကို မတ်လကြေညာပြီဂကတည်းက တူရကီတော်တော်များများနှင့် အနောက်မဟာမိတ်တွေက ရှုံ့ချခဲ့ကြ တာဖြစ်ပါတယ်။ တရားရုံးက နုတ်ထွက်တာကို ရပ်ဆိုင်းဖို့ အယူခံကို ဒီအပတ်မှာပယ်ချပြီးချိန်မှာ ထောင်ပေါင်းများစွာဟာ တူရကီနိုင်ငံအနှံ ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။ “ ကျွန်မတို့ ဆက်ပြီးရုန်းကန်တိုက်သွားမယ်” လို့ တူရကီအမျိုးသမီးဖက်ဒရေးရှင်းဥက္ကဋ္ဌ ကင်နန်ဂူလု က ပြောပါတယ်။ တူရကီဟာ ဒီဆုံးဖြတ်ချက်နဲ့ ကိုယ့်ခြေထောက်ကိုယ်ပြန်ရိုက်ချိုးတာပဲလို့ သူမကပြောပါတယ်။ တူရကီရဲ့အကြီးဆုံးမြို့မှာ ညှိနှိုင်းစေ့စပ်ခဲ့ကြတဲ့ အီစတန်ဘူကွန်ဗင်းရှင်းကို ၂၀၁၁ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုများကိုတားဆီးအရေးယူဖို့နှင့် တန်းတူညီမျှမှုကို တိုးမြှင့်အားပေးဖို့ဖြစ်ပါတယ်။ တူရကီရဲ့ ယခုလိုနှုတ်ထွက်မှုကို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂ တို့က ရှုံချပြစ်တင်ခဲ့ကြပါတယ်။

Ref:Reuters