ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးစပွတ်နစ်ဗွီကို အိန္ဒိယမှာစတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက အဲဒီကာကွယ်ဆေးကို အရေးပေါ်သုံး တတိယမြောက်ကာကွယ်ဆေးအဖြစ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။  ဧပြီနှင့်မေမှာ ကြောက်စရာဒုတိယလှိုင်းရိုက်ခတ်ခံနေရပြီးနောက် အိန္ဒိယက ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာကြတာဖြစ်ပါတယ်။