Published 13 Nov 2022

ကင်ညာနိုင်ငံမှာ ကာလရှည်ကြာ မိုးခေါင်ရေရှားဖြစ်နေတဲ့အတွက် မြစ်တွေခမ်းခြာက်ပြီး မြက်ခင်းပြင်တွေလည်း  ရှုံ့တွလာနေပါတယ်။ နိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် အန္တရာယ်ကြုံနေရပြီး ဆင်အကောင် ၁၀၀ကျော်ခန့်ဟာလည်း ခြောက်သွေ့နေတဲ့ ဘေးမဲ့တောထဲမှာ သေအံ့မူးမူးဖြစ်နေကြပါတယ်။

ကင်ညာနိုင်ငံမြောက်ပိုင်းမှာ မိုးရာသီလေးရာသီဆက်တိုက် မိုးမရွာခဲ့တဲ့အကျိုးဆက်ကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးနေရပါတယ်။ ဆမ်ဘူရူး အမျိုးသားဘေးမဲ့တောမှာ မိုးမရွာပဲပူပြင်းခြောက်သွေ့နေခဲ့တာကြပါပြီ။ အဲဒီ့အပြင် အပူလှိုင်းတွေကလည်း ကျရောက်ပြီး အင်အားအကြီးမားဆုံးသတ္တဝါဖြစ်တဲ့ ဆင်တွေကိုပါ ထိခိုက်နေတာဖြစ်ပါတယ်။

အသက် ၆၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆင်ကြီး မုတ်သုံဟာ အစားအစာ မလုံလောက်တဲ့အတွက်  ကြုံလှီလာပြီး လဲကျသွားခဲ့ပါတယ်။ အဲသလိုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကင်ညာ တောရိုင်းတိရိစ္ဆာန်လုပ်ငန်းက အဖွဲ့တစ်ဖွဲ့နှင့် “ ဆင်များကိုကယ်တင်ပါ” ဆိုတဲ့ အဖွဲ့က အဖွဲ့သားတွေဟာ ရောက်ရှိလာကြပြီး ဆင်ကြီးမုတ်သုံကို ပြန်ထူထလာနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဆင်ကြီးမုတ်သုန်ဟာ ဒီဘေးမဲ့တောထဲမှာတွေ့ရတဲ့ နာမည်ကြီး ဆင်မိသားစုရဲ့ မျိုးနွယ်စုမိခင်ကြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့အခါမှာတော့ သူ့မိသားစုတွေဟာ ပိုမိုစိမ်းလန်းတဲ့နေရာကို အတင်းရွှေ့ပြောင်းပေးလိုက်ပြီးဖြစ်တဲ့အတွက် သူမတစ်ကောင်တည်း ဆာလောင်ငတ်မွတ်မှုကြောင့်ခံစားရတဲ့ ဝေဒနာနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရပါတယ်။

“  မုတ်သုန်ဟာ တကယ်တမ်းတော့  အကျန်းမာဆုံးတွေရှင်ကျန်ရစ်ပြီး မကျန်းမာသူတွေ သေကြေစေတဲ့ ဒီအုပ်စုထဲမှာ ရှိနေတာပါ။ သူမဟာ တကယ်တမ်းတော့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အကေရှားပင်တစ်ပင်ကို ပစ်လှဲရမယ်၊ မာကျောနေတဲ့ သစ်ကိုင်းတွေကို ကြိတ်ဝါးရမယ်။ သူမရဲ့ အံသွားတွေ မကောင်းတော့ဘူး ဒါမှမဟုတ် မရှိတော့ဘူးလို့ ကျွန်တော်ထင်တယ်” လို့ “ ဆင်များကိုကယ်တင်ပါ” အဖွဲ့ရဲ့ သိပ္ပံပညာရှင် ဒေးဗစ်ဒီဘာလန်က ပြောပါတယ်။

သားရဲတွေမရှိတဲ့ အရွယ်ရောက်ဆင်တွေဟာ ခြေဦးတည့်ရာသွားလာရင်း စားသုံးဖို့အတွက်တစ်ရက်ကို ရေဂါလံ ၅၂  ဂါလံလောက်နှင့် မြက်တွေ၊သစ်ရွက်နှင့်သစ်ခက်တွေ ၃၀၀ ကီလိုဂရမ်လောက်ရရှိဖို့ လိုပါတယ်။

ဒါပေမယ့် ဒီတောရိုင်းထဲမှာတော့ ရေတွေက ပျောက်ကွယ်သွားပြီး မြက်တွေလည်း ကုန်နေပါပြီ။

ကင်ညာရဲ့ အပူပိုင်းမြက်ခင်းပြင်ကို နှစ်စဉ် ကမ္ဘာလှည့် သန်းချီလာစေဖို့ ဆွဲဆောင်ထားတဲ့ တိရိစ္ဆာန်တွေကို မိုးခေါင်ခြောက်သွေ့မှုက ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။

“ ကျွန်တော်မြင်တွေ့ဖူးသမျှထဲမှာ ဒီတစ်ခါ မိုးအခေါင်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ  မိုးမရွာပဲ သုံးလေးနှစ် ရှိခဲ့တာပဲ” လို့ ဒီဘာလန်ကပြောပါတယ်။

ဒီမြေတွေမှာ စားကျက်မြေတွေက အထိခိုက်ဆုံးဖြစ်နေပါတယ်။ အာဖရိကမှာ ကြောက်စရာအကောင်းဆုံးလို့သတ်မှတ်ထားတဲ့ ကျွဲတွေဟာ အစားအစာရှာဖွေရင်း လူတွေနေထိုင်ရာဘက် ပိုပြီးကပ်လာခဲ့ကြပါတယ်။

အဲဒါကြောင့်  အရင်းအမြစ်တွေအားလုံး ရှားပါးလာတဲ့အလျောက် လူသားနှင့် တောရိုင်းတိရိစ္ဆာန်တွေရဲ့ ပဋိပက္ခဖြစ်ပွားမယ့် အန္တရာယ်ကလည်း မြင့်မားလာနေတာဖြစ်ပါတယ်။

Source CCTV+

ရုပ်သံကြည့်ရန်>>>>>https://fb.watch/gMz-ZpN-Kg/

#Kenya_drought

#Kenya_Wildlifes

#Kenya_climate_Change