Published 6 Nov 2022

အသက် ၆၁ နှစ်အရွယ် အင်ဒိုနီးရှား လယ်သမားတစ်ဦးဟာ ၈၈ ကြိမ်မြောက် လက်ထပ်ဖို့ စီစဉ်နေတဲ့ အကြောင်း လူတွေသိသွားပြီးနောက် သူ့ကို အင်ဒိုနီးရှားရဲ့ “ပလေးဘွိုင်ဘုရင်ကြီး” လို့အမည်ပေးလိုက်ကြပါတယ်။

ကန် Kaan ဟာ စပါးစိုက်တောင်သူတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နှင့်အတူ နေထိုင်ပါတယ်။

သူဟာ သူ့ဘဝတစ်လျောက်လုံးမှာ စုစုပေါင်း ၈၇ ကြိမ်မြောက် လက်ထပ်ခဲ့ပြီးပါပြီ.။ အခုသူက သူ့ဇနီးဟောင်းတစ်ဦးနှင့်  ၈၈ကြိမ်မြောက် မင်္ဂလာ ဆောင်ပွဲလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ “ ပလေးဘွိုင်ဘုရင်ကြီး”ဟာ သူ့ရဲ့ ဇာတ်ကြောင်းကို ယူကျုသမား YouTuberတစ်ဦးကိုပြောပြတဲ ဗွီဒီယို လူတွေကြားထဲ “ပေါက်” သွားပြီးနောက် အင်ဒိုနီးရှား သတင်းမီဒီယာတွေရဲ့ အကြိုက်သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

မီဒီယာတော်တော်များများက သူနေထိုင်ရာ ဆီပီအန်ဒီယူရွာအထိ လိုက်လာကြပြီး သူ့ကို အင်တာဗျူူးကြပါတော့တယ်။  အစပိုင်းမှာတော့ သူက အင်တာဗျူးတွေထပ်ပေးဖို့ ငြင်းပါသေးတယ်။နောက်ပိုင်း သတင်းထောက်တွေ ဆက်တိုက်ရောက်လာကြတော့ သူစိတ်က ဖြည်းဖြည်းချင်းပြောင်းသွားခဲ့တာဖြစ်ပါတယ်။

သူဟာ အသက် ၁၄နှစ်မှာ ပထမဆုံးအိမ်ထောင်ပြုပါတယ်။ သူ့ထက်(၂)နှစ်ကြီးတဲ့ မိန်းကလေးတစ်ဦးနှင့်ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်ဟာ (၂)နှစ်ပဲခံခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအိမ်ထောင်ရေးကြောင့်တော့ သူ့နောက်မိန်းမတစ်ဦး ရှာလိုတဲ့ဆန္ဒကို တားဆီးမရပါဘူး။ အဲဒီနောက်တော့ သူဟာ တစ်ယောက်ပြီးတစ်ယောက်ယူပါတော့တယ်။

သူဘာကြောင့် သဘောကျတဲ့ မိန်းကလေးအသစ်တိုင်းကို လက်ထပ်တာလဲလို့ သူ့ကိုမေးတဲ့အခါ သူတို့ကို လေးစားတာ ကြောင့်ဖြစ်တယ်လို့ သူကပြောပါတယ်။ သူတို့ကို အပျော်ကြံသွားတာပါလားလို့ သူတို့မခံစားစေချင်လို့ လက်ထပ်တာ လို့ သူကပြောတာပါ။ အဲဒါကြောင့် အိမ်ထောင်ရေးက တစ်ပတ်ပဲခံခဲ တစ်လပဲခံခံ သူလက်ထပ်ခဲ့တာချည်းပဲလို့ သူက ဆက်ပြောပါတယ်။

“  အကြောင်းရင်းကတော့  အမျိုးသမီးတွေရဲ့ခံစားချက်တွေအပေါ် ကစားတာ ကျွန်တော်မလုပ်ချင်ဘူးလေ။ အဲသလို အကျင့် မကောင်းတာထက်စာရင် လက်ထပ်လိုက်တာကပိုမကောင်းဘူးလား” လို့လည်း ပလေးဘွိင်ဘုရင်ကြီးက  ပြောပါတယ်။

သူရဲ့ အိမ်ထောင် ၈၇ ခုမှာ  အခု ၄၀ကို  ဘာသာရေးရုံးမှာ မှတ်ပုံတင်လက်ထပ်ခဲ့တာဖြစ်ပြီး ကျန်တာတွေကတော့ ရိုးရာဓလေ့ထုံးတမ်းအရ လက်ထပ်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တစ်ယောက်ကိုကွာပြီးမှ နောက်တစ်ယောက်ကို လက်ထပ်တာမျိုးလည်းမရှိခဲ့ဘူးလို့ သူကပြောပါတယ်။ သူလက်ထပ်ခဲ့တဲ့ အမျိုးသမီးတွေက ၄၆ ဦးက သူနှင့် မကွာရှင်းချင်ကြတာကြောင့် လို့ သူကအကြောင်းပြပါတယ်။ အဲဒါကြောင့် သူက ခပ်လွယ်လွယ်ပဲ လက်ထပ်လိုက်တာဖြစ်ပြီး  သူဟာ အချိန်တိုင်းမှာ  မိန်းမနှစ်ယောက်နှင့် အထက်ယူထား ပြီးဖြစ်နေတတ်တယ်လို့ သူကပြောပါတယ်။

ကန် ရဲ့ အရှည်ကြာဆုံး အိမ်ထောင်က ၁၄နှစ်ကြာခဲ့ပြီး အခြားအိမ်ထောင်တွေက အဲဒီထက် တိုတောင်းပါတယ်။ အချို့ဟာ တစ်လနှစ်လ အချို့ တစ်ပတ်သာခံခဲ့ပါတယ်။

သူဟာ ၈၇ ကြိမ်လက်ထပ်ခဲ့ပေမယ့် တကယ်ယူတဲ့မိန်းမက ၄၆ ယောက်ပဲရှိပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အချို့ကို သူက သုံးခါပြန် လေးခါပြန် ပြန်ပြီးလက်ထပ်ခဲ့တာကြောင့်လို့ သူကပြောပါတယ်။ အဲဒါကြောင့် အခုလာမယ့် ၈၈ ကြိမ်မြောက် လက်ထပ်မယ့်သူဟာလည်း သူ့ ၈၆ကြိမ်မြောက်လက်ထပ်ခဲ့တဲ့ ဇနီးဟောင်းဖြစ်ပါတယ်တဲ့။   ကြည့်ရတာ တော့ အမျိုးသမီးက သူ့ကိုမပြတ်နိုင်တဲ့ သဘောရှိတဲ့အတွက် သူ့အနေနှင့်လည်း ဟင့်အင်းလို့ ကြိုပြီး မငြင်းချင်ဘူး လို့ သူကပြောပါတယ်။

“ ကျွန်တော်တို့ ကွဲနေတာ နှစ်အတော်ကြပြီ။ ဒါပေမယ့် နှစ်ဦးသားအကြားက အချစ်က သန်စွမ်းနေတုန်းပဲ” လို့ ကန် ကပြောပါတယ်။ အဲဒီတုန်းက သူတို့အိမ်ထောက်သက် ၄ လပဲ ကြာခဲ့တာလို့လည်း သူကဖြည့်စွက်ပြောပါတယ်။

#Zee-News

#Playboy_King_Indonesia

#61-yearold_farmer_Kaan

#87_marriages_with_46_women