Published 6 Nov 2022

☑️ခရီးသည် ၄၃ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ယနေ့ နိုဝင်ဘာ ၆ ရက် တနင်္ဂနွေနေ့က တန်ဇန်နီးယားနိင်ငံ လေယာဉ်ဆင်းသက်ခါနီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဗစ်တိုးရီးယားရေကန်ကြီးအတွင်း ထိုးဆင်းပျက်ကျသွား

☑️တန်ဇန်နီးယား အနောက်မြောက်မြို့ ဘူကိုဘာသို့ မဆင်းသက်ခင် လေဆိပ်မှ မီတာ ၁၀၀ အကွာရှိ အဆိုပါရေကန်ကြီးအတွင်း ပျက်ကျခဲ့ခြင်းဖြစ်

☑️စီးပွားရေးမြို့တော် ဒါအက်စ် ဆာလမ်မှ ရေကန်ဘေးမြို့ ကာဂါရာသို့ ပျံသန်းသည့် Precision Air လေကြောင်းလိုင်းပိုင် အဆိုပါ ATR-42လေယာဉ် ခရီးစဉ်အမှတ် PW 494  တွင် ခရီးသည် ၃၉ ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှုထမ်း (၂)ဦးတို့လိုက်ပါလာခဲ့

☑️Precision Air သည် တန်ဇန်နီးယား၏ အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်

☑️လူ ၂၆ ဦးကိုကယ်ထုတ်ပြီး အနီးရှိဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာကော်မရှင်မင်းကြီး အဲလ်ဘတ် ချလာမီလာကပြော

☑️ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လေယာဉ်မှူးနှင့်ဆက်သွယ်ဆောင်ရွက်နေကြာင်း သူက ဆက်လက်ပြော

☑️သမ္မတ ဆမ်မီယာဆူလူဟူက မတော်တဆဖြစ်ရပ်အတွက် ဝမ်းနည်ကြောင်းသတင်းစကားဆို

Source” Reuters/AFP

ဆက်လက်ဖတ်ရှုရန်..⏭⏭⏭

 

#Tanzania_plane_crash

#Lake_Victoria_Tanzania

#Precision_Air_ATR_plane-crash