Published 6 Nov 2022

☑️အမေရိကန်ပြည်ထောင်စု မာရီလန်းမှ အမျိးသားတစ်ဦးဟာ သူ့ရည်းစားဟောင်းရဲ့အိမ်ထဲဝင်လာပြီး သူ့ရည်းစားဟောင်းနှင့် အခြားသော မိသားစုဝင်(၂)ဦး၊ပြီးတော့ အိမ်ထဲမှာ ရှိနေတဲ့ အခြားသူတစ်ဦးကို သတ်ပစ်

☑️အဲဒီနောက် ကိုယ့်ကိုကိုယ်လည်း သေနတ်နှင့် ပစ်သတ်သေသွားခဲ့တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၅ရက်စနေနေ့ကပြော

☑️ထိုသူမှာ အသက်၂၈နှစ်အရွယ်ရှိ အင်န်ဒရီဆေးလ်ဆိုသူဖြစ်ပြီး သေဆုံးသူများမှာ  အသက် ၂၁ နှစ်အရွယ် သူ့ရည်းစားဟောင်း ဆာရာမန်း၊သူမရဲ့မောင် အသက်၁၈နှစ်အရွယ် ကိုင်းမန်း၊ သူမရဲ့မိခင် အသက် ၄၈ နှစ်အရွယ် ဆွမ်မာလီမန်းနှင့် မိသားစုမိတ်ဆွေတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဂျိုဗွန် ဝပ်တွန်တို့ဖြစ်ကြ

☑️ဆေးလ်မှာ အခြား အိမ်တစ်အိမ်တွင်နေထိုင်ပြီး သူ့ကိုယ်သူပါ သေနတ်နှင့်ပစ်ခတ်သတ်သေသွားပြီး သေနတ်ကို ရဲက သိမ်းဆည်းမိ

☑️မိခင်ဆွမ်မာလီမန်းရဲ့ ခင်ပွန်းဟောင်း ဒါရင်းမန်းက အလုပ်ကပြန်လာပြီး အဲဒီအိမ်အလာမှာ အသတ်ခံရသူ (၅)ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို သောကြနေ့ မွန်းလွဲပိုင်းက လာပလက်တာ အိမ်အတွင်း တွေ့ရှိရတာဖြစ်

☑️သေနတ်သမား ဆေးဟာ သူ့ရည်းစား ဆာရာမန်းနှင့် ကလေးနှစ်ယောက်ရထားပြီး (၂)နှစ်သား ဂေလင်းနှင့် တစ်နှစ်တောင်မပြည့် သေးတဲ့ ဝက်စတေို့ဖြစ်ကြပြီး သူတို့ကို အခြားတစ်နေရာမှာ ထိခိုက်မှုမရှိဘဲ ပြန်လည်တွေ့ရှိ

☑️ချားလ်ခရိုင်ရဲဌာနက ရှေ့ပိုင်းမှာ အားလုံးသေနတ်ပစ်ခံရတယ်လို့ပြောပြီး နောက်ပိုင်းမှာ အချို့က ဓားအထိုးခံရတာလို့ ပြော

☑️ဆေးလ်ဟာ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုနှင့် ၂၀၂၁ ဧပြီလတုန်းက တရားစွဲခံရပေမယ့် အသနားခံစာတင်သူက ရောက်မလာလို့ အမှုက လွှတ်ပေးခဲ့ရ

☑️အသတ်ခံရတဲ့ မိခင်ဖြစ်သူဆွမ်မာလီမှာ လာအိုမှ အမေရိကန်ပြည်ထောင်စုသို့ရွှေ့ပြောင်းနေထိုင်ခဲ့သူဖြစ်ကြောင်းသိရ

☑️ယခုအစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို ရဲက ဆက်လက်စုံစမ်းဖော်ထုတ်နေဆဲဖြစ်

Source: AP/DailyMail

#Maryland_Murder_U.S

#Ex-boyfirend_Shots_ex_lovers_and _family

#U.S_Crime