Published 30 Oct 2022

✅စနေနေ့ညက ဆိုးလ်တွင်ဖြစ်ပွားခဲ့သည့် ဟော်လိုဝင်ပွဲတော် လူအုပ်ပြိုလဲမှုကြောင့် သေဆုံးသူ ၁၅၁ ဦးအထိရှိလာ

✅တောင်ကိုရီးယားသမ္မတ ယွန်းဆပ်ယိုက နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးသည့် ကာလတစ်ခုအဖြစ် သတ်မှတ်ကြောင်း တနင်္ဂနွေနေ့ကကြေညာ

✅သေဆုံးသူ ၁၅၁ ဦးရှိပြီး ၁၉ ဦးမှာ နိုင်ငံခြားသားများဖြစ်၊ ဖြစ်ပွားရာနေရာတွင် ဒဏ်ရာရသူ ၈၂ ဦးရှိပြီး ယင်းတို့အထဲမှ ၁၉ ဦးမှာ ဒဏ်ရာများပြင်းထန်ကောင်း ယွန်ဆန်မီးသတ်ဌာနအကြီးအကဲ ချွိုင်ဆ်ဘွန်က ပြော

✅ယခုဟော်လိုဝင်ပွဲတော်မှာ ကိုဗစ်-၁၉ကြောင့် မကျင်းပဖြစ်ခဲ့သည်မှာ (၃)နှစ်ရှိပြီးမှ ယခုနှစ်တွင်ပထမဆုံးအဖြစ် ပြနလည်ကျင်းပခြင်းဖြစ်

✅သေဆုံးသူအများစုမှာ အသက်၂၀ ဝန်းကျင် အမျိုးသမီးငယ်များဖြစ်ပြီး သေဆုံးသည့် နိုင်ငံခြားသားများထဲတွင်  တရုတ်၊အီရန်၊ ဥဇဘက်ကစ္စတန်နှင့်နော်ဝေးတို့မှနိုင်ငံခြားသားများပါဝင် ဟုသူကပြော

✅ယခင်ဟော်လိုဝင်ပွဲများထက် ပရိဿတ်က ၁၀ဆခန့်များပြားခဲ့ဟု မျက်မြင်သက်သေများကပြော

✅သေဆုံးသူအများစုမှာ လူကြိတ်ကြိတ်တိုးသည့်အထဲ သေဆုံးရခြင်းဖြစ်

✅အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်သမ္မတကတော်၊ ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

Source: Reutees

#Seoul_ Halloween_Tragedy

#Yoon_Suk-yeol_national_mourning

#South_Korea_Haloween_night