Published 29 Oct 2022

ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း နဲလ်ဂေး တိုက်ခတ်ခဲ့တဲ့အတွက်  မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ရည သောကြာနေ့က အနည်းဆုံး၆၇ ဦးသေဆုံးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံတွေထဲ မြုပ်သွားတဲ့ တောင်ပေါ်ရွာကလေးတစ်ရွာစီ အပြေးသွားနေကြပြီး ဒေသခံတွေကိုကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။

ဒါတူအိုဒင်ဆင်ဆွပ်မြို့အနီးက ကူရှောင်းရွာကလေးတစ်ရွာတည်းမှာတင် သေဆုံးသူက ၅၀ ဦးရှိခဲ့ပါတယ်။ တစ်ညလုံး သည်းသည်းမည်းမည်းရွာတဲ့မိုးကြောင့် ရေလွှမ်းမိုးမှုတွေဟာ ရွံ့နွံတွေ၊ကျောက်တုံးတွေ၊ သစ်ပင်တွေလဲကျတာတွေ နှင့်ပေါင်းစပ်သွားပြီး ရွာကလေးဟာ မြှပ်နှံခံရသလိုဖြစ်သွားခဲ့ရပါတယ်လို့ မြို့ပြကာကွယ်ရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

Source AFP

 

#Southern_Philippines_Storm

#Tropical_Storm_Nalgae

#Flood_Landslides